BEC-TERO TV

အသားအရေတွန့်ခြင်းအကြောင်း

10 Aug 2015     1,670 Views


လူတွေဟာ အသက်အရွယ်ကြီးလာတာနဲ့အမျှအသားအရေတွန့်ခြင်း ၊ပါးရည်တွန့်ခြင်းတွေဖြစ်ပေါ်တက်ပါတယ်။အသက်အရွယ် အရပါးရည်တွန့်တာ ကတော့ မျက်နှာတွေ ၊လည်ပင်းတွေ ၊နဖူး တွေ ၊လက်တွေ မှာရှိနိုင်ပါတယ်။ နေရောင်ခြည် တိုက်ရိုက်ထိတွေ့တာ နေလောင်ခံရတာတွေကြောင့်လဲ ပါးရည် တွန့်တာတွေ ဖြစ်လာနိုင်ပါတယ်။ဆေးလိပ်သောက်ခြင်းဟာလဲ ပါးရည်တွန့်ခြင်းကိုများစွာဖြစ်ပေါ်စေနိုင်ပါတယ်။
 
အရေပြားကို ဆေးထိုး၍ကုနည်းတွေ ၊ခွဲဆိတ်ကုသနည်းတွေလဲ ရှိပါတယ်။ပါးရည်တွန့်ခြင်းရဲ့ ရောဂါ လက္ခဏာ တွေကတော့ အရေပြားပေါ်မှာ အစင်းကြောင်းတွေပေါ်လာခြင်း ဖြစ်ပါတယ်။အဓိကအားဖြင့် မျက်လုံး အစပ်တွေ ၊နဖူးတွေ ၊ပါးစပ်တွေ၊လည်ပင်းအနီးတဝိုက်တွေ မစင်းကြောင်းတွေပေါ်လာတက်ပါတယ်။ မိမိ အရွယ်နဲ့မလိုက်အောင် ပါးရည်တွန့်ခြင်းကို ခံစားရရင် ၊ပါးရည်တွန့်ခြင်းကို ဆိုးရွားစွာ ခံစားရရင် ဆရာဝန်နဲ့သွားရောက်ပြသသင့်ပါတယ်။ထိုသို့ပြမှသာ ကျွမ်းကျင်တဲ့ပညာရှင်တွေက ဘယ်လိုမျိုးကုသရမယ်ဆိုတာ ကို လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။
 
ပထမဦးဆုံး stress များတဲ့သူဆိုရင် မိမိ ရဲ့ စိတ်ဖိစီးမှုကို လျှော့နိုင်အောင်ပြုလုပ်ပေးရပါမယ်။တရားထိုင်ပေးခြင်းအားဖြင့်လဲ ပြုလုပ်ပေးလို့ရပါတယ်။ယောဂ လို့ခေါ်တဲ့လေ့ကျင့်ခန်းအပျော့စားလေးတွေကို လုပ်ပေးခြင်းဖြင့်လဲ စိတ်ဖိစီးမှုကို သက်သာစေပါတယ်။နေပူထဲသွားတဲ့အခါမှာလဲ မိမိ ရဲ့အသားအရေ ကို ကာကွယ်ပေးနိုင်မဲ့ SPF cream လေးတွေလိမ်းပေးလို့ရပါတယ်။ခွဲစိပ်နည်းအားဖြင့် ကုသနည်းမှာလဲ ပါးရည်တွန့်ခြင်းကို ပြန်လည်ကောင်းမွန်လာစေနိုင်ပါတယ်။ဘေးထွက်ဆိုးကျိုးတွေလဲ အများကြီး ရှိတဲ့အတွက် တက်ကျွမ်းနားလည်တဲံဆရာဝန်နဲ့ တိုင်ပင်လုပ်သင့်ပါတယ်။
 
ကုသနည်းတွေကတော့ လေဆာရောင်ခြည်နဲ့ ကုသနည်းတွေ ၊ဓါတုဗေဒ ဆေးဝါးတွေနဲ့ကုသနည်းတွေ ၊အသေးစား အရောပြားလဲတဲ့ကုသနည်းတွေ၊ဘိုတောက်လို့ ခေါ်တဲ့ ဆေးတွေထိုးနည်းတွေ  ၊တစ်ရှူးသစ်တွေအစားထိုးကုသနည်းတွေ ၊အရေပြားတင်းရင်းအောင် ဆွဲပြီး ချုပ်တဲ့ကုသနည်းတွေနဲံ ပါးရည်တွန့်တာကို ကုသလို့ရပါတယ်။ကာကွယ်မှုအနေနဲ့ မိမိရဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲ ပေးရပါမယ်။သန့်ရှင်း လက်ဆတ်တဲ့အစားအသောက်တွေကို စားပေးရပါမယ်။ဆေးလိပ်သောက်ခြင်းကို လုံးဝရှောင်ကြဉ်ရပါမယ်။မိမိ ပတ်ဝန်းကျင်မှာဆေးလိပ်သောက်သူ ရှိရင်လဲ ဆေးလိပ်မသောက်တော့အောင်တိုက်တွန်းရပါမယ်။
 
ဆေးလိပ်သောက်သူ ရဲ့အနီးမှာ မနေမိအောင်လဲ ကြိုးစားရပါမယ် ဆေးလိပ်ငွေ့ဟာလဲအရေပြားကို ထိခိုက်စေနိုင်ပါတယ်။ခရမ်းလွန်ရောင်ခြည်နဲ့တိုက်ရိုက်မထိတွေ့အောင်တက်နိုင်သမျှနေပေးရပါမယ်။နေပူထဲသွားတဲ့အခါ အကျီင်္လက်ရှည် ၊ခန္ဓာကိုယ်ကို လုံခြုံစွာဖုံးနိုင်မဲ့အဝတ်အစားတွေ ဝတ်သင့်ပါတယ်။
 
SPF ပါတဲ့နေရောင်ခြည်ခံ cream လေးတွေကိုလဲ လိမ်းပေးလို့ရပါတယ်။အလှအပဆိုင်ရာပစ္စည်းတွေ သုံးမယ် ဆိုရင်လဲ water base ရေဓာတ်ပါဝင်ပြုလုပ်ထားတဲ့ပစ္စည်းမျိုးကို ရွေးချယ် အသုံးပြုသင့်ပါတယ်။ အရေပြားဟာ ဘယ်ချိန်မှာ တွန့်လာမယ် ၊ ဘယ်လို နေထိုင်ရမယ် ဆိုတာကို သိရှိမယ် ဆိုရင် အရွယ်အတိုင်ခင် အို မင်းအသားအရေတွန့်ခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

10 Aug 2015     1,670 Views




RELATED

Most Popular of Health Fix

Most Popular of Life Style