BEC-TERO TV

ဥရောပသားလို ဟန်ဆောင်ရုပ်ဖျက်ပြီး ရွှေထည်ပစ္စည်းများ လုယက် (ရုပ်သံ)

07 Dec 2018     1,705 Views


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နွမ်သာဘာရီအရပ်မှ ရွှေဆိုင်တစ်ဆိုင်တွင် ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဥပရောပသား မျက်နှာပုံစံဖြင့် အမျိုးသားတစ်ဦးက ရွှေထည်ပစ္စည်းများကို ဝယ်မလိုဟန်ပြုပြီး ရွှေများကို လုယူမှုဖြစ်ပွားခဲ့သည်။


ပစ္စည်းများ လုယက်ခံရသော Aurora ရွှေဆိုင်က စီစီတီဗီမှတ်တမ်းများနဲ့ ရဲတိုင်ကြားခဲ့ပြီးနောက် ကျူးလွန်သူကို စုံစမ်းရှာဖွေ ဖမ်းဆီးခဲ့ရာ အသက် ၃၀ နှစ်အရွယ် ထိုင်းလူမျိုး ဝုန်စန်ကွန် ဖတ်ခ်ျဆာနန် ဆိုသူအားဖမ်းဆီးရမိခဲ့သည်။ တရားခံဖြစ်သူအား စစ်ဆေးချက်အရ သူဟာရွှေဆိုင်ကို လုယက်ဖို့အတွက် ကြိုတင်ကြံစည်ခဲ့ပြီး သူ့ရဲ့မျက်နှာကို ဥရောပသားတစ်ယောက်ပုံစံဖြစ်အောင် ဘတ်ငွေ ၁၅,၀၀၀ (ကျပ် ၇ သိန်းကျော်) အကုန်ကျခံကာ ဒီဇင်ဘာလ ၂ ရက်နေ့က ရုပ်ဖျက်ခဲ့ခြင်းဖြစ်သည်။


အဲဒီနောက် ရွှေဆိုင်ထဲသို့ ဝင်ကာ စုစုပေါင်းတန်ဖိုး ဘတ်ငွေ ၄၈၀,၀၀၀ (ကျပ်သိန်း ၂၂၀ ကျော်)တန်ဖိုးရှိသည့် ရွှေဆွဲကြိုးများကို ပြခိုင်းပြီး လက်ထဲတွင် ကြည့်ရှုနေစဉ် ရုတ်တရက် အားလုံးကိုယူကာ ဆိုင်ထဲမှ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။



07 Dec 2018     1,705 Views




RELATED

Most Popular of International News

Most Popular of NEWS