ရေဘေးသင့်ဒေသများအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှထောက်ပံဆေးဝါးပစ္စည်းများ ရန်ကုန်လေဆိပ်သို့ရောက်ရှိ
10 Aug 2015 1,577 Views

ပြည်တွင်းက ရေဘေးသင့်ဒေသတွေအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမေရိကန်ဒေါ်လာ(၈)သိန်းတန်ဖိုးရှိ ထောက်ပံရေးဆေးဝါးပစ္စည်းများကို ပေးပို့လှူဒါန်းလိုက်တယ်လို့သိရပါတယ်။ ဒီလိုလှူးဒါန်းတဲ့ဆေးဝါးပစ္စည်းများဟာ ရန်ကုန်လေဆိပ်ကို သြဂုတ်လ(၈)ရက်ညနေပိုင်းမှာရောက်ရှိလာခဲ့ပါတယ်။
အမေရိကုန်ဒေါ်လာ(၈)သိန်းတန်ဖိုးရှိ ဆေးဝါးပစ္စည်း (၃၂)မျိုးပါဝင်တဲ့ဆေးသေတ္တာအလုံး(၄၀)ကိုတော့ ရန်ကုန်လေဆိပ်ကနေ ကျိုက်ဝိုင်းဘုရားလမ်းမှာရှိတဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနကိုလွဲပြောင်းပေးအပ်လှူဒါန်းခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ရေဘေးသင့်ဒေသများအတွက်အ၀တ်အစား၊ စာသောက်ကုန်ပစ္စည်းများ၊ အသက်ကယ်အကျီနဲ့ ဆေးဝါးပစ္စည်းများ အပါအ၀င် အထုပ်ပေါင်း(၅၅၇၀) ကိုရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေတစ်ဆင့်ပေးပို့ထားပြီး ဖြစ်တယ်လို့သိရပါတယ်။