BEC-TERO TV

မြန်မာမီးရထား က နွားအုပ်အားတိုက်မိ၍ သံလမ်းဘီးချော်မှုဖြစ်ပွား

10 Dec 2018     1,778 Views


ရန်ကုန် မြို့ မှ မော်လမြိုင် သို့ ထွက်ခွာလာသော ရထားတစ်စီးသည် ဝေါမြို့နယ်အပိုင် ဆပ်သွားခြုံ ဘူတာအနီးတွင် နွား လေးကောင်အားတိုက်မိပြီး ရထားသံလမ်း ဘီးလမ်းချော်မှု ဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ စက်ခေါင်း ဦးလှတင်မောင်းနှင်လာသည့် စက်ခေါင်းအမှတ် DF 1339 ရန်ကုန် မော်လမြိုင် ၈၉ အဆန် ရထားမှာယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့် က ရထားလမ်းမိုင်တိုင်အမှတ် ၇၃/၁၆ -၁၇ ကြားတွင် ရထားလမ်းဖြတ်ကူးသည် နွားလေးကောင်အားတိုက်မိပြီး ရထားလမ်းဘီးချော်ကာရပ်တန့် ခဲ့ရခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်ကြောင့် လူသေဆုံးထိခိုက်ဒဏ်ရာရမှု မရှိသော်လည်း နွားသုံးကောင်သေဆုံးခဲ့ကြောင်း သိရသည်။



10 Dec 2018     1,778 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS