BEC-TERO TV

ဆီးစစ်တံမရှိပဲ ကိုယ်ဝန် ရှိ/မရှိ အဖြေမှန်ရအောင် ဘယ်လိုစစ်ဆေးမလဲ..?

10 Dec 2018     54,905 Views


မနက်ပိုင်း အိပ်ယာက နိုးလာတဲ့အခါ ကိုယ်လက်မအီမသာ ပင်ပန်းသလို ခံစားရတာ၊ မကြာခဏဆိုသလို ပျို့အန်ချင်နေတာ၊ ဓမ္မတာလာရမယ့်ရက်ကို ကျော်သွားတာ စတဲ့လက္ခဏာတွေက ကိုယ်ဝန်ရှိတဲ့ လက္ခဏာတွေဆိုတာ အမျိုးသမီးတွေအနေနဲ့ အများအားဖြင့် သိထားပြီး ဖြစ်ကြပါတယ်။
 
ဒါပေမယ့် ဒီလိုလက္ခဏာလေးတွေပြရုံလောက်နဲ့တော့ အမှန်တစ်ကယ် ကိုယ်ဝန်ရှိနေပါပြီလို့ ပြောလို့မရသေးဘူးနော်။ ဒီလို သတင်းမျိုးဆိုတာ သေချာမှပဲ အခြားသူတွေကို အသိပေးဖို့ ကောင်းတာမျိုးမဟုတ်လား..?
 
ဒီတော့ သေချာအောင် စစ်ဆေးကြည့်ဖို့ လိုတယ်လေ၊ အဲဒီလိုအချိန်မျိုးမှာ ဆီးစစ်တံကလည်း အသင့်ရှိမနေဘူးဆိုရင် ဘာလုပ်ကြမလဲ...?
 
ဘာမှ မပူပါနဲ့..။ အိမ်သုံးပစ္စည်းတွေဖြစ်တဲ့ ရှန်ပူ၊ ဆား၊ သကြား၊ သွားတိုက်ဆေး စတောတွေနဲ့ ကိုယ်ဝန်ရှိ၊ မရှိကို အတိအကျ စမ်းသပ်နိုင်တယ်ဆိုရင် အံ့သြသွားမလား..?
 
မယုံမရှိနဲ့ တစ်ကယ် အတိအကျသိနိုင်ပါတယ်။
 
ကိုယ်ဝန် ရှိ၊ မရှိ ကို စစ်ဆေးနိုင်တဲ့ နည်းလမ်းက နှစ်မျိုးရှိပါတယ်။ တစ်နည်းက ဆီးကနေစစ်တာဖြစ်ပြီး နောက်တစ်နည်းက သွေးနဲ့စစ်ဆေးတာဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ ကိုယ်ဝန်ရှိပြီဆိုတာနဲ့ တစ်ပြိုင်နက် HCG (Human Chorionic Gonadotropin) ဆိုတဲ့ စပါရှယ်ဟော်မုန်း တစ်မျိုးကို သန္ဓေသားက သားအိမ်နံရံမှာ တွယ်ပြီဆိုတာနဲ့ အချင်းတိုင်ကနေ အလိုလျှောက် ထုတ်လုပ်ပေးပါတော့တယ်။ သန္ဓေတည်ပြီး သီတင်းပတ်အနည်းငယ်အတွင်းမှာပဲ HCG ဟော်မုန်း ထုတ်ပေးမှုကလည်း တစ်ဖြည်းဖြည်း မြင့်တက်လာပါတယ်။
 
အမျိုးသမီးတွေ ကိုယ်ဝန်ရှိလာပြီဆိုရင် ခန္ဓာကိုယ်အတွင်းပိုင်းကနေ ပြောင်းလဲမှုတွေကြောင့် မအီမသာဖြစ်လာပြီး အထက်မှာ ဖော်ပြခဲ့သလို ထင်ရှားတဲ့ လက္ခဏာရပ်တွေကိုလည်း သိသာလာစေပါတယ်။ ဒါကြောင့်မို့ သေချာသွားအောင် အိ်မသုံးပစ္စည်းလေးတွေနဲ့ပဲ အလွယ်တကူ အဖြေမှန်ရအောင် စစ်ဆေးနိုင်တဲ့ နည်းလမ်းလေးတွေကို ဝေမျှလိုက်ပါတယ်။

ကိုယ်ဝန်ရှိ/မရှိ (ရှန်ပူနဲ့) စစ်ဆေးနည်း

၁။ ရှန်ပူကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာယူပြီး သန့်ရှင်းတဲ့ ခွက်ထဲထည့်ကာ ရေအနည်းငယ်နဲ့ အမြုတ်ထလာအောင် ရောသမမွှေပါ။
 
၂။ နံနက်ခင်း စောစောစွန့်ထားသော ဆီးကို ခွက်သန့်သန့်ဖြင့် ခံထားပါ။
 
၃။ ဆီးကို ရှန်ပူဖျော်ထားသော ခွက်ထဲသို့ လောင်းထည့်ပြီး ၂ မိနစ်ကနေ ၃ မိနစ်ထိ စောင့်ပါ။
 
အဖြေ
 
၃ မိနစ်ခန့် စောင့်ပြီးနောက် ရှန်ပူအမြုတ်များ နဂိုမူလထက် ပိုပြီးအမြုတ်ထတက်လာပါက ကိုယ်ဝန်ရှိနေတာ သေချာပြီဖြစ်ပါတယ်။
 
အကယ်၍ ရှန်ပူအမြုတ်က မပြောင်းလဲပဲ ယခင်အတိုင်းရှိနေတယ်ဆိုရင်တော့ အဖြေက ကိုယ်ဝန်မရှိပါ။

ကိုယ်ဝန်ရှိ/မရှိ (ဆားနဲ့) စစ်ဆေးနည်း

၁။ အိမ်သုံးဆားအဖြူအသန့်ကို လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာ ခွက်သန့်ထဲ ထည့်ပါ။
 
၂။ နံနက်ခင်း စောစောစွန့်ထားသော ဆီးကို ခွက်သန့်သန့်ဖြင့် ခံထားပါ။
 
၃။ ဆီးကို ဆားထည့်ထားသောခွက်အတွင်း လောင်းထည့်ပါ
 
၄။ အဖြေရရန် ၃ မိနစ်ကနေ ၅ မိနစ်ထိ စောင့်ဆိုင်းပါ။
 
အဖြေ
 
ဆားပျော်ရည်ခွက်အတွင် အပြောင်းအလဲမရှိရင် ကိုယ်ဝန်မရှိဘူးဆိုတဲ့ အဖြေဖြစ်ပါတယ်။
 
အကယ်၍ ဆားပျော်ရည်ခွက်ထဲမှာ ပုံမှန်မဟုတ်ပဲ အမြုတ်ပူစီပေါင်းလေးတွေ ထလာမယ်၊ ဆီးအရောင်ကလည်း အမှောင်ဘက်ကို ပြောင်းသွားမယ်ဆိုရင်တော့ ကိုယ်ဝန်ရှိတဲ့ လက္ခဏာပဲဖြစ်ပါတယ်။

ကိုယ်ဝန်ရှိ/မရှိ (သကြားနဲ့) စစ်ဆေးနည်း

၁။ သကြားကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ သန့်ရှင်းသော ခွက်ထဲသို့ထည့်ပါ။
 
၂။ နံနက်ခင်း စောစော ပထနဦးဆုံး စွန့်ထားသော ဆီးကို ခွက်သန့်သန့်ဖြင့် ခံထားပါ။
 
၃။ ဆီးကိုလည်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ခပ်ပြီး သကားခွက်ထဲသို့ ထည့်ပါ။
 
၄။ အဖြေရရန် အချိန် ၅ မိနစ်ခန့် စောင်ကြည့်ပါ။
 
အဖြေ
 
သကြားတွေဟာ ဆီးထဲမှာ ပျော်ဝင်သွားတယ်ဆိုရင် ကိုယ်ဝန်မရှိပါဘူး။
 
ဒီလိုမှမဟုတ်ပဲ သကြားတွေက ဆီးထဲပျော်ဝင်သွားရမယ့်အစား အတုံးအခဲတွေလို စုသွားတယ်ဆိုရင်တော့ ကိုယ်ဝန်ရှိနေပြီဆိုတာ သေချာပါတယ်။

ကိုယ်ဝန်ရှိ/မရှိ (သွားတိုက်ဆေးနဲ့) စစ်ဆေးနည်း

သွားတိုက်ဆေးနဲ့ စစ်ဆေးနည်းမှာတော့ အရောင်မရှိတဲ့ သွားတိုက်ဆေး(အဖြူ)၊ အခြားအရသာတွေ မပါဝင်တဲ့ သွားတိုက်ဆေးနဲ့ စစ်ဆေးခြင်းက ပိုပြီးထိရောက်မှန်ကန်ကြောင်း ကနဦး မှာကြားပါရစေ။
 
၁။ ထုံးစံအတိုင်း နံနက်စောစော ပထမဦးဆုံး စွန့်တဲ့ဆီးကို ခွက်သန့်သန့်နဲ့ ခံထားပါ။
 
၂။ သွားတိုက်ဆေး အတန်အသင့်ကို ခွက်သန့်ထဲ ညှစ်ထည့်ပါ။
 
၃။ သွားတိုက်ဆေး ထည့်ထားသော ခွက်အတွင်းသို့ ဆီးကို တတ်နိုင်သရွေ့ တစ်စက်ချင်း လောင်းထည့်ပါ။
 
၄။ ခပ်ပျစ်ပျစ်အနေအထားရောက်အောင် တုတ်ချောင်းအသန့်နဲ့ ရောမွှေပါ။
 
အဖြေ
 
ကိုယ်ဝန်ရှိတဲ့ လက္ခဏာဆိုရင်တော့ သွားတိုက်ဆေးဟာ အမြုတ်ထလာမယ် ပြီးတော့ အဖြူရောင်ကနေ မသိမသာ အပြာရောင်ဘက် အနည်းငယ် သမ်းလာမှာဖြဟ်ပါတယ်။
 
အမြုတ်လဲမထဘူး အရောင်လည်း မပြောင်းသွားဖူးဆိုရင်တော့ ကိုယ်ဝန်မရှိဘူးဆိုတဲ့ အဖြေဖြစ်ပါတယ်။

ကိုယ်ဝန်ရှိ/မရှိ (ရှာလကာရည်နဲ့) စစ်ဆေးနည်း

အိမ်ရှင်မတိုင်းရဲ့ မီးဖိုဆောင်မှာ အမြဲရှိနေတဲ့ ရှာလကာရည်နဲ့လည်း စစ်ဆေးကြည့်နိုင်ပါတယ်။
 
၁။ ရှာလကာရည် လက်ဖက်ရည် ၂ ဇွန်းစာကို ပလပ်စတစ်ခွက်အသန့်ထဲ ထည့်ပါ (ရက်လွန် ရှာလကာရည်မဖြစ်ရ)
 
၂။ နံနက်စောစော ဦးဆုံးစွန့်ထားတဲ့ ဆီးအသင့်ရှိပါစေ။
 
၃။ ဆီးကို ရှာလကာရည်ထဲသို့ သင့်တင့်စွာထည့်ပြီး ရောမွှေပါ။
 
အဖြေ
 
အမြင်အရ ဘာမှပြောင်းလဲမှုမရှိဘူးဆိုရင် ကိုယ်ဝန်မရှိတဲ့ အဖြေပါ။
 
ဒီလိုမဟုတ်ပဲ ဆီးဟာ ရှာလကာရည်နဲ့တွေပြီး အရောင်ပြောင်းလာတယ်ဆိုရင်တော့ သေချာပါတယ် သင့်မှာ ကိုယ်ဝန်ရှိနေပါပြီ။ ရှာလကာရည်ဟာ HCG ဟော်မုန်းနဲ့ တွေ့တဲ့အခါ အရောင်ပြောင်းသွားတတ်ပါတယ်။
 
ဖော်ပြပါ အိမ်သုံးပစ္စည်းလေးတွေနဲ့ မိမိမှာ ကိုယ်ဝန်ရှိမရှိ အရေးပေါ် စစ်ဆေးပြီး အမှန်ကန်ဆုံးအဖြေ ရရှိနိုင်ကြပါစေ။
 
(ပိုပိုလေး)

10 Dec 2018     54,905 Views




RELATED

Most Popular of Health Fix

Most Popular of Life Style