မြန်မာပြည်ကို ရောက်လာခဲ့တဲအတွက်ကြောင့် ဝေဖန်ခြင်းခံနေရတဲ့ Twitter CEO
10 Dec 2018 1,574 Views

Twitter CEO Jack Dorsey ဟာ ပြီခဲ့တဲ့လက မြန်မာပြည်ကို အလည်အပတ်ခရီး ရောက်လာခဲ့ပြီး မြန်မာပြည်၏ အလှအပ ၊ နှင့် မြန်မာလူမျိုးတို၏ ချစ်စရာ အပြုအမှုများကို Twitter မှာ ချီးမွမ်းခန်းပြုခဲ့ပါတယ်။
မြန်မာပြည်ဟာ တစ်ကယ်လှပတဲ့နိုင်ငံပါပဲ ၊ ရေမြေ ၊ တောတောင် သဘာဝနှင့် အစားအသောက်တွေကလည်းပေါများပါတယ် ။ မြန်မာပြည့် က အစားအသောက်တွေကလည်း ပေါများတဲ့အပြင် မြန်မာလူမျိုးတို့၏ တစ်ကယ်ကို စိတ်ထားပြည့်ဝကြပြီး တစ်ယောက်နဲ့တစ်ယောက် နဲ့ဝိုင်းဝန်းကူညီကြတဲ့စိတ်ဓါတ်ကတော့ တစ်ကယ်ကို အမေးဇင့်ပါပဲ လို့ဂျက်ကပြောပါတယ် ။
နောက် အစားအသောက်ကလည်း သိပ်ကိုကောင်းတာပဲ။ ဂျက်ဟာ ရန်ကုန်၊ မန္တလေး၊ ပုဂံမြို.တွေကိုသွားရောက်ခဲ့ပြီး နေရာအနှံ့ဘုန်းကြီးကျောင်းတွေမှာ တရားထိုင်ခဲ့ပါတယ်။ သံဃာတော်များနှင့်သီလရှင်များအတွက် ခြေသုတ်ဝတ် ၊ ထီး ၊ ၊အစားအသောက်တွေကိုလည်း အလှူအတန်းပြုခဲ့ပြီး ၊ သံဃာတော်များနှင့်သီလရှင်များ ဓမ္မသီချင်း သီဆိုရာတွင်လည်း ရင်သပ်ရူမောဖွယ်ကောင်းလှပါတယ်။
“ဒီနှစ်မှာကျရောက်တဲ့ ကျွန်တော့်ရဲ.မွေးနေ့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ ဆိတ်ဆိတ်နေပြီး အားထုတ်ရတဲ့ ၀ိပဿနာ ၁၀ ရက်တရားပတ်တစ်ခုကိုဝင်ဖြစ်ခဲ့ပါတယ်။ ဒီတစ်ခေါက်တော့ မြန်မာပြည်ပြင်ဦးလွင်မှာပေါ့ဟု” သူက တွစ်တာပေါ်မှာ ထုတ်ဖော်ရေးသားလိုက်ပါတယ်။
မြန်မာပြည်ကိုသွားရောက်လည်ပတ်ကြပါ လို့လည်း သူ့တွစ်တာကို အမြဲမပြတ်ဝင်ရောက်ကြည့်ရှုနေသူ လူပေါင်း ၄ သန်းလောက်ကို သူကတိုက်တွန်းထားပါတယ်။
အခုလိုသူရေးသားလိုက်တာကို တစ်ချို.တွစ်တာသုံးစွဲသူတွေကလည်း လူ့အခွင့်အရေးချိုးဖောက်နေတဲ့ မြန်မာပြည်ကို ခရီးသွားဖို့ တိုက်တွန်းလို့ဆိုပြီး ပြစ်တင်ဝေဖန်ရှုံ.ချကြပါတယ်။ လူပေါင်းသိန်းနဲ.ချီပြီး တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးစေခဲ့တဲ့ ရခိုင်ပဋိပက္ခဖြစ်စဉ်ကို မသိကျိုးကျွံပြုနေတာလားလို့ ဂျက်ကိုဝေဖန်ကြပေမယ့် ဂျက်ကတော့ ဒီဝေဖန်မှုတွေကို ဘာမှတုံ့ပြန်တာမရှိပါဘူး။
The highlight of my trip was serving monks and nuns food, and donating sandals and umbrellas. This group of young nuns in Mandalay and their chanting was breathtaking and chilling. pic.twitter.com/E2nHFOsHu2
— jack (@jack) December 9, 2018