BEC-TERO TV

ကားငှားတဲ့ App ကြောင့် တက္ကစီယာဉ်မောင်းတစ်ဦး ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြ

11 Dec 2018     1,560 Views


Uber, Grab စတဲ့ တက္ကစီငှားရမ်းသော App များနဲ့ ဆင်တူသည့် အပလီကေးရှင်းတစ်ခုကို ဆန္ဒပြသည့်အနေနဲ့ တောင်ကိုရီးယားမှ တက္ကစီယာဉ်မောင်းတစ်ဦး ဆိုးလ်မြို့ရှိ ပါလီမန်အဆောက်အဦ ရှေ့တွင် ကားရပ်ကာ ကိုယ့်ကိုယ်ကို ဓါတ်ဆီလောင်းကာ မီရှို့ဆန္ဒပြမှု ဒီဇင်ဘာ ၁၀ ရက် တနင်္လာနေ့က ဖြစ်ပွားခဲ့သည်။


တောင်ကိုရီးယားနိုင်ငံတွင် လူအများ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသည့် Chat App ဖြစ်သော “Kakao Talk” မှ တက္ကစီများခေါ်ယူငှားရမ်းနိုင်မည့် “Kakao Taxi” App အသစ်ကို ထပ်မံထုတ်လုပ်လိုက်သည်။ ယင်း App သည် အငှားယာဉ်မောင်းများရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ထမင်းအိုးကို ရိုက်ခွဲဖို့ ခြိမ်းခြောက်နေတာကြောင့် ဒေါသထွက်ကာ ဆန္ဒပြသည့်အနေနဲ့ မိမိကိုယ်ကိုယ် ဓါတ်ဆီလောင်း မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


“ချွိုင်” လို့ အမည်ရတဲ့ အသက် ၅၇ နှစ်အရွယ် အငှားယာဉ်မောင်းဟာ ပါလီမန်အဆောက်အဦရှေ့တည့်တည့် ကားရပ်ကာ ကားထဲမှာပဲ ကိုယ့်ကိုယ်ကို ဓါတ်ဆီလောင်းပြီး မီရှို့ဆန္ဒပြခဲ့ခြင်းဖြစ်ပါတယ်။ သူ့ကို ရဲနဲ့မီးသတ်တပ်ဖွဲ့တို့က ကားမှန်များကို ရိုက်ခွဲပြီး ကယ်ဆယ်ကာ အရေးပေါ် ဆေးရုံတင်ပို့ခဲ့ပေမယ့် ဆိုးရွားလှတဲ့ မီးလောင်ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ပါတယ်။

“Kakao Taxi” App ကို ပြီးခဲ့တဲ့ သောကြာနေ့က စမ်းသပ်သုံးစွဲမှု စတင်ခဲ့ပြီး အစိုးရအနေနဲ့ ဒီအပီကေးရှင်းကို ခွင့်မပြုရန် အငှားယာဉ်မောင်းများ အဖွဲ့ကလည်း ဆိုလ်းမြို့တော်တွင် စုရုံးကာ အဆိုပါ ကားငှားသည့် App ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။


ကားငှားတဲ့ App ကို ခွင့်မပြုဖို့ အစိုးရကို တောင်းဆိုထားတဲ့ကိစ္စ ခုချိန်မှာ ကျဉ်းထဲကျပ်ထဲမှာ တိုက်ပွဲဝင်နေတုန်းပါပဲ” ဟု ကိုရီးယားနိုင်ငံလုံးဆိုင်ရာ အငှားယာဉ်များအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။


Kakao ကုမ္ပဏီအနေနဲ့ အခုလို ဆန္ဒပြရင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ အငှားယာဉ်မောင်းအတွက် စိတ်မကောင်းကြောင်’ ကျန်ရစ်သူမိသားစုထံ ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။

Kakao App ကို ၈၀% သော တောင်ကိုးရီးယားလူမျိုးတွေ သုံးဆွဲနေကြပြီး “Kakao Taxi” ကို လာမည့် သီတင်းပတ်မှာ တရားဝင်ထုတ်ပေးသွားတော့မည်ဖြစ်သည်။


11 Dec 2018     1,560 Views




RELATED

Most Popular of International News

Most Popular of NEWS