BEC-TERO TV

နျူကလီးယားဗုံးကြဲခံရမှု နှစ်(၇၀)ပြည့်အခမ်းအနားကို နာဂါဆာကီမှာကျင်းပ

10 Aug 2015     1,730 Views


နာဂါဆာကီမြို့ ဗုံးကြဲခံရမှု နှစ်(၇၀)ပြည့်အခမ်းအနားကို နာဂါဆာကီမြို့မှာ ကျင်းပခဲ့ပြီး ထောင်နဲ့ချီတဲ့အခမ်းအနားတက်ရောက်သူတွေက နျူကလီးယားဗုံးကြောင့် သေဆုံးခဲ့သူတွေအတွက်ဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။ နျူးကလီးယားဗုံးကြဲခံရမှု နှစ်(၇၀)ပြည့်အခမ်းအနားကို နျူကလီးယားဗုံးကြဲခံရမှုမှာ အသက်ရှင်ကျန်ရစ်သူတွေနဲ့ သေဆုံးသူတွေရဲ့ မိသားစုတွေအပါအ၀င်လူပေါင်း(၆၇၀၀)တက်ရောက်ခဲ့ပါတယ်။

ဒါ့ပြင် နျူကလီးယားပိုင်ဆိုင်တဲ့ နိုင်ငံ(၈)နိုင်ငံအပါအ၀င် နိုင်ငံပေါင်း(၇၅)နိုင်ငံက ကိုယ်စးလှယ်တွေလည်းတက်ရောက်ကြပါတယ်။ သေဆုံးသူ(၁၆၈၀၀၀)ရဲ့နာမည်တွေကို ဗုံးကြဲမှုအထိမ်းအမှတ်နေရာမှာ ရေးထိုးထားပြီး အခုနှစ်မှာတော့ နောက်ထပ်နာမည်ပေါင်း (၃၃၀၀)ကျော်ကို ထပ်ထည့်ထားခဲ့ပါတယ်။

အခမ်းအနားကို တက်ရောက်လာတဲ့သူတွေဟာလွန်ခဲ့သောနှစ်(၇၀)တုန်းက မြို့ပေါ်ကိုလေယာဉ်ကနေ ဗုံးကြဲချခဲ့တဲ့ (၁၁)နာရီ(၂)မိနစ်ထိထိမှာ ငြိမ်သက်အလေးပြုလဲ့ကြပါတယ်။


10 Aug 2015     1,730 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS