BEC-TERO TV

အမုန်းမပွားပဲ ချစ်သူနဲ့အေးချမ်းစွာလမ်းခွဲလိုက်တဲ့ ရေမွန်

11 Dec 2018     2,588 Views


ခပ်ကြမ်းကြမ်း ရော့ခ်သီချင်းတွေ၊ လူငယ်တွေကြားမှာ ရေပန်းစားတဲ့ ရော့ခ်အချစ်သီချင်းတွေရဲ့ ပိုင်ရှင်ရေမွန်ဟာဆိုရင် လူငယ်ပရိတ်သတ်များအကြား ထင်ပေါ်ကျော်ကြားသူတစ်ယောက်ဖြစ်ပါတယ်။


“စိတ်ဖြောင့်ဖြောင့်နဲ့သာချန်ခဲ့၊ ကံမကုန်ရင်ပြန်ဆုံဦးမှာပဲ၊ မပျော်နိုင်တောင်အခက်အခဲမဲ့သောဘဝမျိုးပဲမင်းရွေးလိုက်ပါတော့ကွယ်” ဆိုတဲ့သီချင်းစာသားအတိုင်းလို့ပဲပြောရမလား ရေမွန်ဟာချစ်သူကို ရိုးရိုးရှင်းရှင်းလေးနဲ့  အမုန်းမပွားပဲလမ်းခွဲခဲ့တာပါ။

 


 

 

‘ပိုးလေး’ လို့အမည်ရတဲ့သူမနဲ့ ရေမွန်ဦးတို့တွဲနေခဲ့တာ ရည်းစားသက်တမ်း (၇) လရှိပြီဖြစ်ပါတယ်။ (၇) လပြည့်ပြီးတဲ့အချိန်မှာ သူတို့သမီးရည်းစားနှစ်ယောက်ဟာ သဘောထားမတိုက်ဆိုင်လို့ နှစ်ဦးသဘောတူလမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။


ရေမွန်နဲ့ ပိုးလေးတို့ဟာ ချစ်သူအဖြစ်နောက်ဆုံးတွေ့ဆုံတဲ့အနေနဲ့ ဘုရားမှာချိန်းဆိုပြီးလမ်းခွဲခဲ့တာဖြစ်ပါတယ်။ ရေမွန်က ပိုးလေးကိုချစ်သူအဖြစ်ကနေ နှုတ်ဆက်လိုက်တဲ့အကြောင်း စာတိုလေးရေးသားပြီး လမ်းခွဲခဲ့တာပါ။ တကယ်ကို အေးအေးချမ်းချမ်းလေးနဲ့ ရိုးရိုးရှင်းရှင်းလေးပါပဲ။


သူတို့ နှစ်ဦးဟာ ပိုးလေးရဲ့ မွေးနေ့မှာဘုရားမှာချိန်းဆိုပြီးတရားဝင်လမ်းခွဲခဲ့ကြတာပါ။ ရေမွန့်ချစ်သူ ပိုးလေးကလဲ သူမကိုချစ်ပေးခဲ့တဲ့ ချစ်သူသက်တမ်း (၇) လအတွက်ကျေး ဇူးတင်ကြောင်း၊ သူမအနေနဲ့ ပျော်ရွှင်စရာအမှတ်တရများစွာပိုင်ဆိုင်ခဲ့ရကြောင်းပြောပြ ထားပါတယ်။ သူမရဲ့ အသည်းကိုရေမွန်ကဒီလောက်နာကျင်စေခဲ့လိမ့်မယ်လို့မထင်ခဲ့ ဘူး၊ သူမတို့နှစ်ယောက် သူငယ်ချင်းလိုတောင် ဆက်ခင်ဖို့မဖြစ်နိုင်တော့ကြောင်း သူမရဲ့ ဖေ့ဘွတ်ခ်အကောင့်မှာရေးသားခဲ့ပါတယ်။


သူမဖေ့ဘွတ်ခ်မှာတင်ခဲ့တာတွေကြည့်ပြီး ချစ်သူနှစ်ဦးစိတ်ဆိုးစိတ်ကောက်ကြတယ်လို့ မှတ်ယူခဲ့ကြပေမယ့် သူတို့နှစ်ဦးကတော့အမှန်တကယ်လမ်းခွဲလိုက်ကြပါပြီ။ ဘယ်လိုအကြောင်းတွေကြောင့် လမ်းခွဲခဲ့ရတယ်ဆိုတာတော့ ကာယကံရှင်နှစ်ဦးက အသိဆုံးဖြစ်မှာပါ။



11 Dec 2018     2,588 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS