BEC-TERO TV

ဆယ်ကျော်သက်အရွယ်ကျန်းမာရေးနှင့်အစားအစာအကြောင်း

11 Aug 2015     1,335 Views


အရွယ်ရောက်လာတဲ့ဆယ်ကျော်သက်တွေဟာ ကိုယ်ခန္ဓာပြောင်းလဲမှုတွေများပြားလာတဲ့အရွယ်ဖြစ်ပါတယ်။ဒီအရွယ်တွေမှာ ဦးနှောက်ဖွံဖြိုးမှု ၊ မျက်လုံးဖွံ့ဖြိုးမှု ၊ကိုယ်ခန္ဓာကြီးထွားဖို့အတွက် အာဟာရဓာတ်တွေပိုမိုလိုအပ်လာပါတယ်။လူတွေရဲ့ဦးနှောက်ဟာ ညာဘက်အခြမ်းမှာရှိတဲ့စိတ်ကူးယဉ်တဲ့စိတ်တွေနဲ့ဖန်တီးတီထွင်တဲ့စိတ်တွေဟာ အသက်၄နှစ်ကနေရနှစ်အတွင်းမှာတိုးတက်ပြောင်းလဲလာပါတယ်။
 
ဦးနှောက်ရဲ့ ဘယ်ဖက်အခြမ်းမှာရှိတဲ့တွေးတောဆင်ခြင်နိုင်မှုတွေကတော့ အသက်၉နှစ်ကနေ ၁၂ နှစ်အတွင်းမှာတိုးတက်ဖွံ့ဖြိုးလာပါတယ်။အသက်၁၁နှစ်နဲ့၁၃နှစ်အတွင်းမှာ ဦးနှောက် ၂ခြမ်းလုံးအဖွံဖြိုးဆုံးအချိန်ဖြစ်ပါတယ်။ဆယ်ကျော်သက်တွေဦးနှောက်ဖွံဖြိုးမှုအားအကောင်းဆုံးဖြစ်စေတဲ့အကြောင်းတွေကတော့ လူအများနဲ့ပါဝင်ဆင်နွှဲမှုရှိခြင်း ၊မိမိကို အကောင်းမြင်စိတ်ရှိခြင်း ၊မိဘ သို့မဟုတ် ပတ်ဝန်းကျင်ရဲ့ အသိုင်းအဝိုင်းမှ ချီးကျူးမှုကိုရခြင်း ချစ်ခင်မှုကိုရရှိခြင်း ၊အာဟာရဓါတ်ပြည့်ဝစွာရရှိခြင်း ၊ဥိးနှောက်ကို စဉ်းစားဆင်ခြင်မှုပိုများခြင်း။
 
အသက်အရွယ်တိုင်းမှာဦးနှောက်ကိုပျက်စီးစေတဲ့အကြောင်းအရာတွေကတော့ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုများပြားခြင်း ၊ဥပမာ အားဖြင့် ကလေးငယ်တွေမှာ ကျောင်းစာအများကြီးလုပ်ရတာတို့ ၊မနှစ်သက်မပျော်ရွှင်တဲ့အလုပ်တွေကို လုပ်ရတာကြောင့်ဖြစ်တက်ပါတယ်။အမြဲလို ဆူပူပြောဆိုခံနေရတာတို့၊ချစ်ခင်နွေးထွေးမှုမရတာတို့ ကြောင့်လဲ ဖြစ်တက်ပါတယ်။ဦးနှောက်ကိုအားကောင်းစေတဲ့အစားအစာတွေဟာ ဒီလို ဆယ်ကျော်သက်အရွယ်မှာသာမာန်ထက်ပိုမိုလိုအပ်ပါတယ်။ဆယ်ကျော်သက်အရွယ်တွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှုအပြင် ကိုယ်ခန္ဓာဖွံ့ဖြိုးမှုဟာလဲ မြန်ဆန်စွာတိုးတက်နေပါတယ်။လိုအပ်တဲ့ ဗီတာမင်တွေကတော့ ဗီတာမင် B1 ၊ဗီတာမင် B2 ၊ဗီတာမင် C ၊ဇင့်ဓါတ် ၊သံဓါတ်တို့ဖြစ်ပါတယ်။ဗီတာမင် B1 ဟာ အစာလောင်ကျွမ်းမှုကို အထောက်အကူပြုပါတယ်။
 
ဦးနှောက ်၊ ကြွက်သား ၊နှလုံး နှင့်အာရုံကြောစနစ်တိုကို ပံ့ပိုးပေးပါတယ်။ဗီတာမင် B2 ကတော့ ကိုယ်ခံအားဖြည့်တင်းရာမှာ ၊ကိုယ်ခန္ဓာကြီးထွားမှုမှာ အစာလောင်ကျွမ်းရာမှာအားပေးပါတယ်။ဦးနှောက်စွမ်းအင်အတွက်လဲ အားပေးပါတယ်။ဗီတာမင် B2 ချို့တဲ့မယ်ဆိုရင် ကျီးကန်းပါးစပ်လို့ခေါ်တဲ့ နှုတ်ခမ်းဘေးနှစ်ဖက်မှာအနာပေါက်တာမျိုးတွေဖြစ်တက်ပါတယ်။နှုတ်ခမ်းကွဲတာ ၊လျှာနီတာ၊အာရုံကြောစနစ်အားနည်းတာတွေဖြစ်တက်ပါတယ်။Folic Acid ကတော့ သွေးဖြူဥ ၊သွေးနီဥနဲ့ဆဲတွေတည်ဆောက်ရာမှာအထောက်အကူပြုပါတယ်။
 
ဒါ့အပြင် အစားအစာလောင်ကျွမ်းခြင်းကိုလဲထိန်းချုပ်ပေးနိုင်ပါတယ်။ဆဲတွေထဲမှာရှိတဲ့ ဒီအန်အေ ၊အာအန်အေ ဓာတ်ပေါင်းတွေ တည်ဆောက်မှုကိုလဲအားပေးနိုင်ပါတယ်။ ဗီတာမင် C ဓါတ်ကတော့သွေးကြောနဲ့ဆဲတွေကို ပြုပြင်တည်ဆောက်ပြီးရောဂါကူးစပ်မှုမှကာကွယ်ပေးခြင်း၊အအေးမိခြင်းကိုကာကွယ်ပေးနိုင်ခြင်းတို့ကိုပြုလုပ်ပေးပါတယ်။ဗီတာမင် Cဓါတ်ချို့တဲ့ခဲ့ရင်တော့နေမကောင်းဖြစ်လွယ်တာ ၊သွားဖုံးသွေးယိုတာတွေဖြစ်နိုင်ပါတယ်။ဇင့် လို့ခေါ်တဲ့သွတ်ဓါတ်ကတော့ ခုခံအားစနစ် ၊အရိုးနဲ့ကြွက်သား ၊အစာလောင်ကျွမ်းမှုတွေကိုအားကောင်းစေပါတယ်။
 
အနာကျက်လွယ်စေပါတယ်။မျိုးပွားတဲ့စနစ် ၊အာရုံခံစနစ်တွေကိုအားကောင်းစေပါတယ်။သံဓါတ်ကတော့ သွေးအားကိုကောင်းစေပါတယ်။ အိုင်ရွန်းဓာတ် ချို့တဲ့ခဲ့မယ်ဆိုရင်တော့ သွေးအားနည်းခြင်း ၊မှတ်ဉာဏ်နှေးကွေးခြင်း ၊ခေါင်းကိုက်လွယ်ခြင်း ၊အအေးမိခြင်း ၊အရေပြားရောဂါများဖြစ်နိုင်ပါတယ်။ ထို့ကြောင့် ဖွံ့ဖြိုးနေတဲ့ ဆယ်ကျော်သက်အရွယ်မှာ အစားအသောက်အနေအထိုင် ကရုစိုက်ပေးခြင်းဖြင့် မိမိ ရဲ့ကလေးငယ်များကျမ်းမာကြံခိုင်စေနိုင်မှာပါ ။

11 Aug 2015     1,335 Views




RELATED

Most Popular of Health Fix

Most Popular of Life Style