BEC-TERO TV

အလုပ်နားတဲ့အချိန်တစ်ဖက်တစ်လမ်းက ဝင်ငွေရအောင်ကြက်သားရောင်းတဲ့မော်ဒယ်

12 Dec 2018     4,288 Views


လူမှုကွန်ယက် ဖေ့ဘွတ်ခ်စာမျက်နှာမှာ နာမည်ကြီးနေတဲ့ ဖိုတိုမော်ဒယ် ထွေးမွန်ဟာ သူမရဲ့ ချောမောပြေပြစ်တဲ့ ရုပ်ရည်နဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေကြောင့် လူသိများလာခဲ့တာပါ။


သူမဟာ သူမရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ဓာတ်ပုံများတင်လေ့ရှိပြီး သူမရဲ့ ဘဝဇာတ်ကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


သူမက လူအများချစ်ခင်ရတဲ့ မော်ဒယ်၊ သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမဲ့ လူမသိတဲ့ကွယ်ရာမှာ တစ်ဖက်တစ်လမ်းက ဝင်ငွေရအောင် ကြက်သားရောင်းရင်းအသက်မွေးဝမ်းကျောင်းသူတစ်ဦးဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။


ကိုယ်ဝါသနာပါတဲ့ အလုပ်လေးနားချိန် တစ်ဖက်တစ်လမ်းကဝင်ငွေရအောင် ရန်ကုန်မြို့ရှိ ကျောက်တန်းမြို့မဈေးကြီးမှာ ကြက်သား၊ ငါး ရှိတဲ့ အသားစိမ်းတွေကို ရောင်းပြီး တစ်ဝမ်းတစ်ခါးအတွက် ဘဝကိုကျောင်းနေရသူတစ်ဦးဖြစ်ပါတယ်။


“ရှင်တို့ပြောပြောနေတဲ့ ငါးစိမ်းသည်ကျွန်မက သူ့ရဲ့ကိုယ်ပိုင်ဝင်ငွေနဲ့ ဒီလိုနေရာလေးတွေသွားလို့မဖြစ်နိုင်ဘူးလား” လို့ရေးသားပြီး ကုန်တိုက်တစ်ခုမှာ လည်ပတ်နေတဲ့ပုံကိုတင်ခဲ့ပါတယ်။


လူငယ်တစ်ယောက်အနေနဲ့ ကိုယ်ယုံကြည်ရာ၊ ဝါသနာပါရာ အလုပ်ကိုလဲဆက်ကြိုးစားရင်း တစ်ဖက်တစ်လမ်းကနေလဲ သမားရိုးကျ မရှက်မကြောက်စီးပွားရှာနေတာတော့ လေးစားစရာပါပဲ။


ဒီလို ခပ်ချောချောအပျိုအရွယ်မိန်းကလေးတစ်ယောက်အနေနဲ့ အသားစိမ်း၊ ငါးစိမ်းတွေကို တစ်ယောက်ထဲ မရှက်မရွံ့ ရောင်းချရဲတယ်ဆိုတာတော်ရုံသတ္တိနဲ့တော့မရပါဘူး။


သူများပစ္စည်းခိုးနေတာလဲမဟုတ်၊ သူများသားမယားကိုပစ်မှားနေတာလဲမဟုတ် သမားရိုးကျ လုပ်ကိုင်စားသောက်နေတာဖြစ်တဲ့အတွက် သမားရိုးကျ ရိုးရိုးသားသား ပိုက်ဆံရှာနေတာဖြစ်တဲ့အတွက် ရှက်စရာမလိုဘူးလို့ထင်ပါတယ်။



12 Dec 2018     4,288 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS