BEC-TERO TV

အိပ်ပျော်နေစဉ်ယောင်ယမ်းလမ်းလျှောက်ခြင်းအကြောင်း

11 Aug 2015     1,544 Views


အိပ်ယာကနေယောင်ပြီးလမ်းထလျှောက်တာမျိုးက ကလေးငယ်တွေမှာအဖြစ်များပါတယ်။ယောက်ကျင်္ားလေးတွေမှာပိုပြီးအဖြစ်များပါတယ်။အသက်အရွယ်တခုခုရောက်လာတာနဲ့ဒီဟာတွေက အလိုလိုပျောက်သွားပါတယ်။ဖြစ်ရတဲ့အကြောင်းကတော့ဦးနှောက်မှာအိပ်ခြင်းနိုးခြင်းဆိုတဲ့အလေ့အထလေးတွေရှိပါတယ်။ဒီအလေ့အထလေးတွေဟာပုံမှန်မဟုတ်ဘူးမနားဘူးဆိုရင်အိပ်ရာကနေယောင်ပြီးလမ်းလျှောက်ခြင်းတွေဖြစ်နိုင်ပါတယ်။
 
ကလေးငယ်တွေအာရုံဖွံ့ဖြိုးတဲ့အချိန်တွေမှာပိုပြီးဖြစ်တက်ပါတယ်။အရွယ်ရောက်တဲ့တချိန်မှာတော့အလိုလိုပြန်ပျောက်သွားတက်ပါတယ်။ stress တွေအရမ်းများမယ်၊ဝက်ရူးပြန်ရောဂါမျိုးနဲ့တွဲရင်ပိုပြီးဆိုးတက်ပါတယ်။ ရောဂါလက္ခဏာတွေက ယောင်ယမ်းခြင်းဟာအိပ်ပျော်ပြီ၁နာရီနဲ့၂နာရီကြားမှာဖြစ်ပေါ်တက်ပါတယ် တစ်ခါဖြစ်ရင်လဲ နာရီဝက်လောက်ကြာတက်ပါတယ် ။ဖြစ်နေတဲ့အချိန်မှာလဲ နှိုးရန်ခက်ခဲလှပါတယ်။
 
နောက်တနေ့မနက်မိုးလင်းလာရင်လဲညကဘာဖြစ်ခဲ့တယ်ဆိုတာကိုလဲ မမှတ်မိနိုင်ပါဘူး။စိတ်ဖိအားအများကြီးပေးခံရတဲ့ကလေးတွေ မှာလဲဖြစ်တက်ပါတယ်။ယောင်တာနဲ့အိပ်မက်ဆိုးမက်တာနဲ့မတူပါဘူး အိပ်မက်ဆိုးမက်တာကပြန်ပီးသိနိုင်ပါသေးတယ်။ယောင်တာကပြန်ပြီးမမှတ်မိနိုင်ပါဘူး။ရောဂါသမိုင်းကြောင်းကိုမေးခြင်းဟာလဲကုသရာမှာအများကြီးအသုံးဝင်ပါတယ်။ခက်ခဲတဲ့အကြောင်းတွေ ၊ဝက်ရူးပြန်ရောဂါတွေနဲ့တွဲဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့သေချာပြသပြီးကုသမှုကိုခံရပါမယ် ။ကာကွယ်နည်းတွေကတော့ ကလေးငယ်တွေဟာစိတ်ပင်ပန်းတာတွေ၊စိုးရိမ်ပူပန်တာတွေ ၊စိတ်ဖိစီးမှုများတာတွေကိုနည်းနိုင်သမျှနည်းအောင်လုပ်ထားပေးလို့ရပါတယ်။
 
အိပ်တဲ့အချိန်ကိုလဲစောပြီးအိပ်ခြင်းဖြင့်ကလေးရဲ့ stress တွေစိတ်ဖိအားတွေနည်းသွားအောင်လုပ်ပေးလို့ရပါတယ်။အိပ်တဲံအခါယောင်ပြီးလမ်းထလျှောက်ခြင်းဟာကုသရန်မလွယ်ပါဘူး။ကလေးတစ်ယောက်ယောင်ပြီးလမ်းလျှောက်နေပြီဆိုရင်လဲ သူ့ရဲ့အိပ်ယာပေါ်ကိုပြန်ပြီသွားထားပေးရပါမယ်။အဲ့ဒိ အချိန်မှာသူ့ကို လှုပ်နှိုးတာတွေအတင်းနှိုးတာတွေအလုပ်ရပါဘူး။အခုလိုဖြစ်နေတဲ့ကလေးတစ်ယောက်ဟာ စိတ်ရောဂါနဲ့ဆက်စပ်နေတယ်ဆိုရင်သူ့ကိုစိတ်ရောဂါဆရာဝန်နဲ့ပြသကုသသင့်ပါတယ်။ဆရာဝန်နဲ့ပြသရမဲ့အချိန်တွေက ယောင်ပြီးလမ်းထလျှောက်ခြင်းတွေဟာပိုပြီးပြင်းလာမယ်ခနခန ပိုဖြစ်လာမယ်ဆိုရင်သွားရောက်ပြသရပါမယ်။ယောင်တဲံအချိန်မှာလဲ ဒါဏ်ရာအပြင်းအထန်ရမယ်ဆိုရင်လဲ သွားရောက်ပြသရပါတယ်။
 
ယောင်တဲ့အခါမှာအိမ်ကနေထွက်သွားလောက်တဲ့အနေအထားအထိဖြစ်နေပြီ၊ပျောက်ရမဲဲ့အချိန်အတိုင်းအတာမှာလဲမပျောက်တော့ဘူး အသက်အရွယ်ကြီးတဲ့အထိဆက်လက်ပြီးရှိနေပြီဆိုရင်လဲသွားရောက်ပြသရပါမယ်။မိမိရဲ့လုပ်ငန်းတွေနေ့ဘက်လုပ်ဆောင်ရတဲ့အလုပ်တွေမှာလဲထိခိုက်လာပြီဆိုရင်လဲဆရာဝန်နဲ့ပြသသင့်ပါပြီ။စိတ်ဖိစီးမှုများတဲ့အခါတွေ ၊စိတ်ရောဂါနဲ့ပက်သတ်ဆက်နွယ်နေတဲ့အခါတွေမိမိရဲ့ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်၍လဲဖြစ်တက်ပါတယ်။ထို့ကြောင့်ဒီရောဂါမဖြစ်အောင်ဝိုင်းဝန်းကူညီပေးရပါမယ် ။ဖြစ်လာပြီဆိုရင်လဲ ဖေးမကူညီပေးရပါမယ်ဆိုရင်သက်သာလာမယ်လို့ယူဆရပါတယ်

11 Aug 2015     1,544 Views




RELATED

Most Popular of Health Fix

Most Popular of Life Style