BEC-TERO TV

ဒေါ်နယ်ထရမ့် ရဲ့သားဖိတ်ကြားမှုကြောင့် အိမ်ဖြူတော်ခရစ္စမတ်ပါတီကို ရောက်ခဲ့တဲ့ ဝိန်းရူနီ

12 Dec 2018     1,339 Views


ဒီစီယူနိုက်တက်အသင်း တိုက်စစ်မှူး ဖြစ်တဲ့ ဝိန်းရူနီဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့သားဖြစ်သူ ဘာရွန်ရဲ့ဖိတ်ကြားမှုကြောင့် သမ္မတအိမ်ဖြူတော်မှာ ကျင်းပခဲ့တဲ့ ခရစ္စမတ်ပါတီပွဲကို ဇနီးသည် ကောလင်းနဲ့အတူ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့တယ်လို့ အမေရိကန်သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

အသက် ၁၂ နှစ်သာရှိသေးတဲ့ ဘာရွန်ဟာ ထရမ့်နဲ့ သူ့ဇနီး မယ်လာနီယာတို့ရဲ့တစ်ဦးတည်းသောသားဖြစ်ပြီး ပုံမှန်အားဖြင့် ရှက်ရွံတတ်သူဖြစ်ပေမယ့် ဒီစီယူနိုက်တက်အသင်းရဲ့အမာခံပရိသတ်တစ်ဦးဖြစ်လို့ ရူနီကို တွေ့ပြီးနုတ်ဆက်ရချိန်မှာ အရမ်းကိုပျော်ရွင်နေခဲ့တယ်လို့လည်းဆိုပါတယ်။


ဘာရွန်ဟာ အသက် ၁၂ နှစ်သာရှိသေးပေမယ့် အရပ်ကရူနီထက် ၂ လက်မမြင့်ပြီး ၅ ပေ ၁၁ လက်မရှိတာကြောင့် သူတို့ဓါတ်ပုံရိုက်ချိန်မှာ ဘာရွန်ရဲ့အသက်နဲ့ မလိုက်တဲ့ အရပ်မြင့်မားမှုကို ရူနီက အံအားသင့်ခဲ့ရတယ်လို့လည်းသိရပါတယ်။ အဆိုပါ

ခရစ္စမတ်ပါတီပွဲကို ရူနီတို့ဇနီးမောင်နှံနဲ့အတူ သူတို့ရဲ့သား ၄ ယောက်လည်းလိုပါလာခဲ့ပါတယ်။အခုလိုမျိုး အိမ်ဖြူတော်မှာကျင်းပခဲ့တဲ့ ပွဲကို ဖိတ်ကြားခံခဲ့ရတဲ့အတွက် ရူနီတို့ဇနီးမောင်နှံဟာ အရမ်းကိုအံအားသင့်ခဲ့ကြတယ်လို့သူတို့နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။


ရူနီတို့မောင်နှံဟာ ကမ္ဘာရဲ့အထင်ကရ အဆောက်အဦတစ်ခုထဲကို သွားခွင့်ရခဲ့တဲ့အပြင် သူ့သားတွေကိုလည်း ဒီအတွေ့အကြုံရရှိစေခဲ့လို့ ဘယ်တော့မှာမေ့မရမယ့် လည်ပတ်မှုအဖြစ်သတ်မှတ်ပြီးအံအားသင့်နေကြပါတယ်”လို့ပြောသွားပါတယ်။


12 Dec 2018     1,339 Views




RELATED

Most Popular of Football

Most Popular of Sport