BEC-TERO TV

ဖေ့စ်ဘွခ်ရုံးချုပ်အဆောက်အဦးကို ဗုံးခွဲမည့် သတင်းကြောင့် ရဲများရှင်းလင်း (ရုပ်သံ)

12 Dec 2018     1,878 Views


အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားရှိ ဆီလီကွန်ဗယ်လီအတွင်း ဖေ့စ်ဘွခ်ရုံးချုပ် အဆောက်အဦးတွင် ဗုံးထောင်ထားသည်ဆိုသော သတင်းကို ဒီဇင်ဘာ ၁၂ ရက် (ယနေ့) နံနက်စောစော ၄ နာရီခွဲအချိန်ခန့်က ရရှိခဲ့ပြီး ရဲတပ်ဖွဲ့က အရေးပေါ် ရှင်းလင်းကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့ရကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ဒေသဆိုင်ရာ ဗုံးရှင်းလင်းရေးအဖွဲ့က အနံ့ခံခွေးများ ဗုံးရှာဖွေရေး ကရိယာများ အသုံးပြုပြီး အဆောက်အဦကို သေချာစွာရှင်းလင်းခဲ့ပြီးနောက် သတင်းမှားသာဖြစ်ပြီး အဆောက်အဦးတစ်ခုလုံး ဘေးကင်းလုံခြုံကြောင်း ပြောကြားခဲ့သည်။

“ဖေ့စ်ဘွခ်က လူတွေအားလုံး ဘေးကင်းလုံခြုံစေရေးကို အလေးထားဆောင်ရွက်နေပါတယ်။ အခုလည်း အားလုံး ဘေးကင်ပါတယ်” လို့ ရဲအရာရှိနဲ့ ဖေ့စ်ဘွခ်တို့က ပြောကြားခဲ့ပါတယ်။

ဒေသတွင်း အာဏာပိုင်တွေအနေနဲ့ အခုလို ခြိမ်းခြောက်တာမျိုးမဖြစ်အောင် ပိုပြီးသတိထား လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။



12 Dec 2018     1,878 Views




RELATED

Most Popular of International News

Most Popular of NEWS