BEC-TERO TV

အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကုန်ကျခံတဲ့ အခမ်းနားဆုံး မင်္ဂလာပွဲ

13 Dec 2018     1,483 Views


ဟောလိဝုဒ်ရုပ်ရှင် “Crazy Rich Asians” ဟာ စိတ်ကူးယာဉ်ဇာတ်လမ်း သက်သက်မဟုတ်ပဲ တစ်ကယ့်လက်တွေ့မှာ အာရှသားတွေ ရူးခါနေအောင် ချမ်းသာတယ်ဆိုတာကို အိန္ဒိယနိုင်ငံက မင်္ဂလာပွဲကြီးက သက်သေပြလိုက်ပါတယ်။


အိန္ဒိယနိုင်ငံရဲ့ အချမ်းသာဆုံး သူဌေးကြီးနှစ်ဦးရဲ့ သားသမီး လက်ထပ်ကြတဲ့မင်္ဂလာပွဲကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ကျင်းပခဲ့ပြီး ဒီပွဲမှာ ကမ္ဘာကျော်အဆိုတော် ‘ဘီယွန်းဆေး (Beyonce)’ ကို ငှားရမ်း ဖျော်ဖြေခဲ့ပြီး ဒီမင်္ဂလာပွဲရဲ့ ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရှိခဲ့ပါတယ်။


သတို့သမီး Ms Isha Ambani ရဲ့ ဖခင် Muskesh Ambani ဟာ သြဇာတိက္ကမကြီးတဲ့ စီးပွားရေး လုပ်ငန်ရှင်ကြီးဖြစ်သလို သတို့သား Mr Anand Piramal ဟာလည်း အိန္ဒိယနိုင်ငံရဲ့ စက်မှုလုပ်ငန်းရှင် ဘီလီယံနာသူဌေးကြီး Ajay Piramal ရဲ့ သားဖြစ်ပါတယ်။  သူတို့ရဲ့ မင်္ဂလာပွဲကို မွန်ဘိုင်းမှာရှိတဲ့ Ambani ရဲ့ ၂၇ ထပ်နေအိမ် အဆောက်အဦးမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။


သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲအကြို နေ့ရက်တွေကို ရာဂျက်စသန်ပြည်နယ်မှာ ပြုလုပ်ခဲ့ကြပြီး သတို့သမီးရဲ့ အကြိုက်ဆုံး အဆိုတော်ဖြစ်တဲ့ ‘ဘီယွန်းဆေး’ ကိုပါ ငှားရမ်းပြီး တစ်ကိုယ်တော်ဖျော်ဖြေပွဲကိုပါ ထည့်သွင်းခဲ့ပါတယ်။


မင်္ဂလာပွဲကို ဟီလာရီကလင်တန် အပါဝင် အမေရိကန်ပြည်နယ်အတွင်းရေးမှူးဟောင်း ဂျွန်ကယ်ရီ အပြင် ဘောလိဝုဒ်ရဲ့ နာမည်ကျော်များဖြစ်ကြတဲ့ ဆယ်လ်မန်ခမ်း၊ အမီရာခမ်း တို့လို စတားတွေအပြင် အိန္ဒိယရဲ့ နာမည်ကြီးခရစ်ကတ် ကစားသမား ဆာချင်တန်ဒူလ်ခါ တို့ပါ တက်ရောက်ချီးမြှင့်ခဲ့ကြပါတယ်။






ဗုဒီဓဟူးနေ့ညနေပိုင်းမှာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲကိုတော့ အလွန်ခင်မင်းရင်းနှီးတဲ့ မိတ်ဆွေများ၊ အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တော်များအပါအဝင် ပရိသတ် ၆၀၀ လောက်နဲ့ သီးသန့်ကျင်းပခဲ့ကြပါတယ်။


Ms Isha Ambani (၂၇ နှစ်) နဲ့ Mr Anand Piramal (၃၃ နှစ်) တို့ရဲ့ စေုစပ်ပွဲကို အီတလီနိုင်ငံမှာရှိတဲ့ Lake Como မှာ စက်တင်ဘာလတုန်းက ပြုလုပ်ခဲ့တာဖြစ်ပြီး အိန္ဒိယရဲ့ အကြီးကျယ်အခမ်းနားဆုံး မင်္ဂလာပွဲလည်း ဖြစ်ခဲ့ပါတယ်။


Mr Muskesh Ambani ဟာ ရေနံလုပ်ငန်း၊ ထယ်လီကွန်း နဲ့ အခြားစက်မှုလုပ်ငန်းတွေရဲ့ သူဌေးကြီးဖြစ်ပြီး သူ့ရဲ့ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၇၄ ဘီလီယံရှိပြီး အာရှရဲ့ အချမ်းသာဆုံးစာရင်းဝင် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လတ်တလောမှာတော့ အချမ်းသာဆုံးသူဌေး နေရာကို ဂျက်မား က ကျော်တက်ပြီး ယူထားပါတယ်။



13 Dec 2018     1,483 Views




RELATED

Most Popular of International News

Most Popular of NEWS