BEC-TERO TV

အမူလွန်ပြီး ကိုကိုရဲ့အော်ငေါက်ခြင်းကို ခံလိုက်ရတဲ့ သုသုရဲ့ ဗီဒီယို

13 Dec 2018     2,017 Views


ယနေ့ခေတ်အွန်လိုင်းသုံးစွဲသူတွေကြားမှာ ဟာသဗီဒီယိုလေးတွေကို အပျော်ရိုက်ကူးရင်း နာမည်ကြီးဆယ်လီတစ်ယောက်ဖြစ်လာတဲ့ မိတ်ကပ်ဖန်တီးရှင်သုသုကတော့ ပရိသတ်ရဲ့အချစ်တွေကို အပြည့်အ၀ရရှိထားသူဖြစ်ပါတယ်။ သူမရဲ့ချစ်စရာကောင်းပြီး ပွင့်လင်းလွန်းတဲ့ စိတ်ထားကြောင့်လဲ ပရိသတ်တွေက သုသုဆိုပြီး အားပေးချစ်ခင်နေကြရတာဖြစ်ပါတယ်။



သုသုကတော့ သူမရဲ့အလုပ်တွေနဲ့ မအားမလပ်ဖြစ်နေတဲ့ကြားက ပရိသတ်တွေရယ်မောပျော်ရွှင်နိုင်အောင် ဗီဒီယိုအသစ်လေးတစ်ခုကို ထပ်တင်လိုက်တာပဲဖြစ်ပါတယ်။ ဗီဒီယိုလေးထဲမှာတော့ ကိုကိုက ချစ်လားလို့မေးတာကို အမူအယာတွေပိုကာ အမူလွန်သွားတဲ့ သုသုတစ်ယောက် ကိုကိုရဲ့ ဆူငေါက်ခြင်းကို ခံလိုက်ရတာပဲဖြစ်ပါတယ်။ ဒါပေမယ့် သုသုရဲ့ ငြိမ်ခံမနေပဲ ပြန်ပြောလိုက်ပုံကတော့ သဘောကျစရာပါပဲနော်။ ကဲ.. သုသုရဲ့ချစ်ပရိသတ်တွေအတွက် ဗီဒီယိုအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်….





13 Dec 2018     2,017 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment