BEC-TERO TV

တစ်စုံတစ်ယောက်က သင့်အကြောင်းတွေးနေတယ်ဆိုတာသိနိုင်တဲ့ အချက် (၆)ချက်

13 Dec 2018     2,422 Views


၁။ ရုတ်တရက်ဝမ်းနည်းလာတယ်

သင်ဟာ အလုပ်ထဲမှာ(သို့) အပြင်မှာ သူငယ်ချင်းတွေနဲ့ ရယ်ရယ်မောမောစကားပြောနေရင်းနဲ့ ရုတ်တရက်အကြောင်းအရင်းမရှိ ဝမ်းနည်းသွားတာမျိုးဖြစ်ဖူးတယ်ဆိုရင် သင့်ကိုတစ်စုံတစ်ယောက် လွမ်းဆွတ်တမ်းတနေတာဖြစ်ပါတယ်။ သင်ဟာ ထိုသူအတွက်မရှိမဖြစ်လိုအပ် နေသူတစ်ယောက်ဖြစ်ပြီး သင်သူ့အနားမှာမရှိခြင်းဟာ သူ့ကိုဝမ်းနည်းစေတဲ့အတွက် သင်လဲ ထိုနည်းလည်းကောင်းခံစားရတာဖြစ်ပါတယ်။ ထိုသူဟာသင့်ကို အစဉ်အမြဲ ဂရုစိုက်ပေးသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အတွေးထဲမှာ သင့်ကိုချစ်မြတ်နိုးတဲ့စိတ်တွေနဲ့ ပြည့်လျှံနေတာဖြစ်တယ်။

၂။ မျက်လုံးတစ်ဖက်တည်း ယားယံခြင်း

မျက်လုံးတစ်ဖက်တည်း ယားယံခြင်းဆိုတာက အကောင်ဝင်တာတွေ၊ အလာ့ဂျစ်ရှိတာတွေတော့ချွင်းချက်ပေါ့နော်။ ဒီတိုင်း ဘာအကောင်မှလဲမဝင်ပဲ၊ အလာ့ဂျစ်လဲမရှိပဲ အကြောင်းမဲ့ယားယံနေတာမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။ ဒီလိုမျက်လုံးတစ်ဖက်တည်း ယားယံတယ်ဆိုရင် တစ်စုံတစ်ယောက်က သင့်အကြောင်းကိုတွေးပြီး စိုးရိမ်ပူပန်နေတာပါတဲ့။ ဒီလိုယားယံခြင်းကလဲ ယောင်္ကျားနဲ့ မိန်းမကွာခြားပါတယ်။ အမျိုးသမီးတစ်ယောက် ဘယ်ဘက်မျက်လုံးယားရင် သူမကိုတစ်စုံတစ်ဦးက ချီးမွမ်းစကားပြောနေတာဖြစ်ပြီး ညာဘက်မျက်လုံးယားရင် သူမရဲ့ မကောင်းသတင်းကိုပြောနေတာဖြစ်ပါတယ်။ အမျိုးသားကျတော့ အမျိုးသမီးနဲ့ ပြောင်းပြန်အချိုးကျပြီးယူရတာဖြစ်ပါတယ်။

၃။ ရုတ်တရက်ပါးတွေ ရဲတက်လာတာ၊ နားရွက်တွေနီရဲလာတာမျိုးဖြစ်ခြင်း

သင်က အရက်(သို့) ဝိုင်သောက်ထားခြင်းလဲမရှိ၊ ဖျားနာနေတာလဲမဟုတ်၊ ရှက်သွေးဖြာနေတာလဲမဟုတ်ပဲနဲ့ သင့်ပါးတွေက ရုတ်တရက် နီရဲတက်လာတာမျိုးဆိုရင် တစ်စုံတစ်ယောက်က ကွယ်ရာမှာသင့်အတင်းတုပ်နေပြီ လို့ဆိုလိုတာပဲဖြစ်ပါတယ်။ ထိုသူကသင့်ကို မုန်းနေပြီး ပါးချချင်လောက်ထိအောင် ဖြစ်နေတဲ့ အနေအထားမို့လို့ သင့်ပါးတွေနီရဲလာခြင်းဖြစ်ပါတယ်။ နားရွက်တွေနီရဲ လာတဲ့ လက္ခဏာပြပြီဆိုရင်တော့ သင့်ကိုကြိတ်ခိုက်နေတဲ့သူက လွမ်းဆွတ်သတိရနေတဲ့ သင်္ကေတပဲဖြစ်ပါတယ်။ `
 
၄။ ကြက်သီးမွေးညင်းများထလာခြင်း

ရုတ်တရက် ကြက်သီးမွေးညင်းများထလာတယ်ဆိုရင်တော့ သင့်ကိုလွှမ်းမိုးချုပ်ကိုင် ချင်တဲ့ တစ်စုံတစ်ယောက်က သင့်အကြောင်းကိုစဉ်းစားနေတာပဲဖြစ်ပါတယ်။ ထိုသူက သင့်ကိုချစ်နေတာဖြစ်ချင်ဖြစ်မယ်၊ မုန်းနေတာလဲဖြစ်ချင်ဖြစ်မယ် သို့ပေမဲ့ သင့်ကို လွှမ်းမိုးချင်နေတာတော့အမှန်အကန်ပါပဲ။
 
၅။ ရုတ်တရက် ကြို့ဆက်တိုက်ထိုးခြင်း

အစာလဲမမှား၊ ဘာမှလဲမလုပ်ပဲနဲ့ ရုတ်တရက်ကြို့တွေ ဆက်တိုက်ထိုးနေပြီဆိုရင်တော့ သတိထားရမယ့်အချက်ပါပဲ။ ဒီလက္ခဏာက သင့်ကိုမလိုမုန်းထားသူတစ်ယောက်ယောက်က သင့်အကြောင်းကိုချောက်တွန်းဖို့ တွေးတောနေတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ရုတ်တရက် ကြို့ထိုးလာတဲ့အခါ သတိထားဖို့လိုပါတယ်။
 
၆။ မတွေ့ရတာကြာတဲ့ လူတစ်ယောက်ကိုအိပ်မက်မက်ခြင်း

သင်ကိုယ်တိုင်စိတ်ထဲမစွဲပဲ မေ့နေတာကြာပြီဖြစ်တဲ့ လူတစ်ယောက်ဟာသင့်အိပ်မက်ထဲကို ရောက်လာပြီဆိုရင်တော့ သေချာပြီ သူသင့်ကိုသတိရနေတာပါ။ ထိုသူဟာသင့်ကို အင်မတန်မှ သတိရလွမ်းဆွတ်နေပြီး သူ့ရဲ့ telepathy အရသင်သူ့ကိုသတိမရဘူးဆိုတာအလိုလိုသိနေတဲ့အတွက် သင့်ရဲ့ အိပ်မက်တွေထဲမှာ ပေါ်လာပြီးသင့်ကိုသတိလာပေးခြင်းပဲဖြစ်ပါတယ်။

 


13 Dec 2018     2,422 Views




RELATED

Most Popular of Special or Others

Most Popular of Life Style