BEC-TERO TV

ပူပြင်းသောရာသီဥတုအတွက်သင့်တော်သောအစားအစာများ

11 Aug 2015     1,377 Views


ပူအိုက်တဲ့ရာသီမှာမပူဒဏ်ကိုလျှော့ပါးစေမဲ့ နည်းမျိုးစုံရှိပါတယ်။အစားအသောက်ကိုရွေးချယ်စားသောက်ခြင်းဟာလဲ အပူဓာတ်ကိုလျှော့နည်းစေနိုင်မဲ့နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ပူပြင်းတဲ့ရာသီမှာစားသင့်တဲ့အစားအစာကတော့ အဆီနည်း၍အရည်ရွှမ်းစေတဲ့အစားအသောက်များပဲဖြစ်ပါတယ်။အရည်ဓာတ်ပါတဲ့အစားအသောက်တွေဟာအဂါင်္ပိုင်းဆိုင်ရာလုပ်ဆောင်ချက်တွေကို သက်သာစေပြီးကိုယ်ခန္ဓာအပူချိန်ကိုကျဆင်းစေပါတယ်။

အသီးအရွက်တွေ ၊ဖရဲသီး ၊လိမ္မော်သီး ၊သစ်တော်သီး၊နဂါးမောက်သီး ၊နာနတ်သီး၊သခွားမွှေးသီး ၊အုန်းသီး ၊နဲ့သကြားဓာတ်ပါတဲ့ အသီးအနှံတွေကို ပမာဏ များများ စားသုံးပေးသင့်ပါတယ်။ပမာဏ များများမစားသင့်တဲ့အစားအသောက်တွေကတော့ အသား ၊နို့ ၊အကြော်အလှော်တွေဖြစ်ပါတယ်။ဒီအစားအသောက်တွေကတော့ ခန္ဓာကိုယ်အပူချိန်ကိုလောင်ကျွမ်းစေပြီး ရေဓာတ်ကိုပိုမိုဆုံးရှုံးစေနိုင်ပါတယ်။နွေရာသီမှာအဓိကတော့ရေကိုလုံလုံလောက်လောက်သောက်သုံးပေးသင့်ပါတယ်။တစ်နေ့ကို ရေ ၈ခွက် ၁၀ ခွက်စသဖြင့်သောက်သုံးပေးသင့်ပါတယ်။

ရေငတ်ရေဆာခြင်းအပူချိန်လျော့ပါးခြင်းအတွက် မြင်းခွာရွက်ဆေးရည်၊စပါကလင်တွေ ၊လိမ္မော်သီးဖျော်ရည်တွေ သောက်သုံးပေးသင့်ပါတယ်။ပူပြင်းတဲ့ရာသီအတွက်သင့်တော်တဲ့အစားအသောက်ကတော့ ဖရဲသီးဖြစ်ပါတယ်။ဖရဲသီးမှာ ရေဓာတ် ၉၀ရာခိုင်နှုန်းပါဝင်ပါတယ်။ဖရဲသီးဟာ အချိုဓာတ်အရသာကိုပေးစွမ်းပြီး အအေးဓာတ်ကိုပေးစွမ်းနိုင်ပါတယ်။ရေဆာခြင်းလည်ချောင်းနာခြင်း၊ဆီးသွားကောင်းစေခြင်း ၊ပါးစပ်အနာပေါက်ခြင်းတို့ကိုသက်သာစေပါတယ်။ပူပြင်းတဲ့ရာသီဥတုနဲ့သင့်တော်တဲ့ ရေခဲမုန့်ကတော့ နို့နဲ့ cream မပါတဲ့ရေခဲမုန့်ဖြစ်ပါတယ်။

နို့နဲ့ cream ဟာ ခန္ဓာကိုယ် အပူဓာတ်ကိုမြင့်တက်စေနိုင်ပါတယ်။ပူပြင်းတဲ့ရာသီမှာ သောက်ရေသန့်ကို လုံလောက်အောင်သောက်ပေးသင့်ပါတယ်။ ခန္ဓာကိုယ်ရဲ့ 70 %ဟာ ရေဓာတ်ဖြစ်ပါတယ် ။ပူပြင်းတဲ့ရာသီမှာ အစားအသောက်တွေဟာ အပုတ်အသိုးမြန်တဲ့အတွက် အစားအစာကိုပိုစားပေးသင့်ပါတယ်။နေ့ခင်းမှာလဲ အိပ်စက်အနားယူသင့်ပါတယ် ။အိပ်တဲ့အခါမှာလဲ ပက်လက်အိပ်ခြင်း ၊စောင်းအိပ်ခြင်း ကသင့်တော်ပါတယ် ။မှောက်အိပ်ခြင်း ၊ဗိုက်ကိုဖိအိပ်ခြင်းကိုမပြုလုပ်သင့်ပါဘူး ။


11 Aug 2015     1,377 Views




RELATED

Most Popular of Health Fix

Most Popular of Life Style