BEC-TERO TV

မန်ယူနိုက်တတ်ကစားသမားဘဝ သွင်းဂိုး ၁၀ ဂိုးပြည့်မြောက်ခဲ့တဲ့ ဖီးလ်ဂျုံ

13 Dec 2018     1,764 Views


မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲစဉ် ဗလင်စီယာ နဲ့ ယူနိုက်တက် တို့ ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ ပွဲစဉ်မှာတော့ ဖီးလ်ဂျုံဟာ မဖြစ်သင့်တဲ့ အနေအထား တစ်ခုကနေ ကိုယ့်ကိုဂိုး ပြန်သွင်းယူ မိခဲ့ပြန်ပြီး ၊ အသင်းကလဲ 2-1 ရလာဒ်နဲ့ ရှုံးနိမ့်ကာ ၊ အုပ်စု ဒုတိယ နေရာနဲ့သာ ကျေနပ် ခဲ့ ရပါတယ်။


ဒီပွဲမှာ ဗလင်စီယာ အသင်းက ကွင်းလယ် ကစားသမား ဆိုလာရဲ့ ပထမပိုင်း သွင်းဂိုးနဲ့ စတင် ဦးဆောင်ခဲ့တာ ဖြစ်ပြီး ၊ ယူနိုက်တက်တို့ ချေပဂိုး ရဖို့ ပြန်လည်ကြိုးစား နေစဉ်မှာပဲ ဖီးလ်ဂျုံးက ကိုယ့်ဂိုးကို ပြန်သွင်းမိခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်က မျှောခင်းပေးလိုက်တဲ့ ဘောလုံးကို ဗီလင်စီယာ တိုက်စစ်မှုး ဘက်ချူဝါယီ က ဖီးလ်ဂျုံးနဲ့ ယှဉ်ပြေးရင်းရယူဖို့ ကြိုးစားစဉ်မှာ ၊ ယူနိုက်တက် နောက်တန်း ကစားသမားက သူ ဘောလုံးကို ဦးရဲ့သားနဲ့ ရှင်းထုတ်ဖို့ ကြိုးစားရင်းကနေ ဂိုးသမား ရိုးမဲရိုး နဲ့ နားလည်မှု လွဲကာ OG ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ သွင်းဂိုးကြောင့် ရလာဒ်ကောင်းတစ်ခု ပြန်ရဖို့ ကြိုးစားနေတဲ့ ယူနိုက်တက် အတွက် မျှော်လင့်ချက်တွေ ပိုမို ဝေးကွာခဲ့ရပြီး ၊ 86 မီးနစ် ရောက်မှသာ ရှပ်ဖို့ဒ်က ချေပဂိုး တစ်ဂိုးကို သွင်းယူ ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖီးလ်ဂျုံး ဟာ ယူနိုက်တက် ကစားသမား ဘ၀မှာ သွင်းဂိုး စုစုပေါင်း 5 ဂိုး ရယူထားသလို ၊ Own Goals က လဲ 5 ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။


13 Dec 2018     1,764 Views




RELATED

Most Popular of Football

Most Popular of Sport