BEC-TERO TV

အမျိုးသမီးတစ်ဦး အိမ်ပေါက်ဝမှာ ဓါးပြတိုက်ခံရပြီး ဓါးနဲ့ခုတ်ခံရ (ရုပ်သံ)

14 Dec 2018     1,970 Views


မလေးရှားနိုင်ငံ ချရတ်စ်မြို့နယ်ရှိ နေအိမ်တစ်ခုကို ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်စောပိုင်း ၂ နာရီ ၄၅ မိနစ်အချိန်ခန့်မှာ ဆိုင်ကယ်စီး အမျိုးသားနှစ်ဦး ဝင်ရောက်ကာ ဓါးပြတိုက်ခဲ့ပြီး အမျိုးသမီးအား ဓားဖြင့် ခုတ်ခဲ့သဖြင့် ဒဏ်ရာများရရှိခဲ့သည်။

စီစီတီဗီ မှတ်တမ်းအရ အပြင်မှပြန်လာသော အမျိုးသမီးဟာ သူ့အိမ်ခြံဝင်းအတွင်း ကားထိုးခဲ့ပြီးနောက် ခြံတံခါး ပိတ်ရန် ခဲံပေါက်ဝသို့ သွားစဉ် ဆိုင်ကယ်နှစ်စီးဖြင့် လာသော မျက်နှာဖုံးစွပ် အမျိုးသားနှစ်ဦး ရောက်လာခဲ့ပြီး သူမ၏ ပိုက်ဆံအိတ်ကို လုယူစဉ် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြသည်။

ထိုအချိန်တွင် ဓါးကိုင်ထားသူ အခြားဓါးပြတစ်ဦးက သူမ၏ မျက်နှာကို ဓါးနဲ့ခုတ်ပြီးနောက် ပိုက်ဆံအိတ်လုယူကာ ဆိုင်ကယ်စီးပြီး ထွက်ပြေးသွားကြသည်။



ဖြစ်စဉ်ကြောင့် အသက် ၆၃ နှစ်အရွယ် အမျိုးသမီးကြီး၏ မျက်နှာမှာ ဒဏ်ရာရရှိခဲ့ပြီး ၁၀ ချက် ချုပ်ခဲ့ရသည်။ ပိုက်ဆံအိတ်ထဲတွင် မလေးရှားရင်းဂစ် ၁၀၀၀ (ကျပ် ၄ သိန်း ဝန်းကျင်) ပါသွားကြောင်း သိရှိရသည်။ အဆိုပါအမှုမှ တရားခံများကို ရဲများက စုံစမ်းရှာဖွေနေလျှက်ရှိသည်။


14 Dec 2018     1,970 Views




RELATED

Most Popular of International News

Most Popular of NEWS