Harley Quinn လိုမျိုး ဆံပင်ကာလာကို အမိုက်စားပုံစံပြောင်းလိုက်တဲ့ ပိုပို
17 Dec 2018 2,327 Views

အဆိုတော်ပိုပိုကတော့ အနုပညာဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေများစွာကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ ရှိုးပွဲများစွာကို သီဆိုဖျော်ဖြေနေရင်း အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်နေတဲ့ သူမကတော့ လူငယ်တွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားလွန်းတဲ့ အဆိုတော်မလေးတစ်ယောက်လည်းဖြစ်ပါတယ်။ အသဲကွဲသီချင်းတွေကိုမှ ပိုင်ပိုင်နိုင်နိုင်သီဆိုတတ်သလို မြူးကြွတဲ့သီချင်းတွေနဲ့လဲ ကဲတတ်သေးတဲ့ ပိုပိုကတော့ ကိုကိုတွေ၊ မောင်မောင်တွေရဲ့ ရင်ဘတ်တစ်ခြမ်းကို သိမ်းပိုက်ထားနိုင်သူလေးပါ....


တစ်နေ့ထက် တစ်နေ့အလှတွေတိုးကာ အမူအယာတွေပို ချစ်စရာပိုလာတဲ့ ပိုပိုကတော့ သူမတူတဲ့ပြောင်းလဲမှုကြီးတစ်ခုကို ပြုလုပ်လိုက်ပါတယ်။ အဲ့တာကတော့ သူမရဲ့ဆံပင်ကာလာကို အမိုက်စားပုံစံ ပြောင်းလဲပစ်လိုက်တာပဲဖြစ်ပါတယ်။ ကမ္ဘာကျော် ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ Suicide Squad ထဲက မင်းသမီးချော Harley Quinn ရဲ့ အမိုက်စားဆံပင်ကာလာအတိုင်း ဆံပင်တစ်ခြမ်းကို အပြာရောင်၊ တစ်ခြမ်းကို ပန်းရောင်ဆိုးကာ ပြောင်းလဲပစ်လိုက်တာပါ...


ဆံပင်ကာလာအမိုက်စားလေးနဲ့ လန်းနေတဲ့ပုံရိပ်တွေကို သူမရဲ့ဖေ့စ်ဘွတ်မှာတင်ထားတာဖြစ်ပြီး Harley Po ဆိုပြီးလဲ သူမကိုသူမတင်စားထားပါသေးတယ်။ ယခုနောက်ပိုင်း သူမကိုကြည့်ရတာ အပြောင်းအလဲတွေလုပ်ရတာကို နှစ်သက်လာဟန်တူပါတယ်နော်…. Harley Quinn မဟုတ်တဲ့ မြန်မာနိုင်ငံက Harley Po ရဲ့ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။
.jpg)



