Disney Princess လေးတွေ အသက်ကြီးလာတဲ့အခါ
17 Dec 2018 2,096 Views

ကျွန်တော်တို့ အသက်တွေတစ်နှစ်နဲ့တစ်နှစ် ပိုပိုကြီးလာကြသလို Disney ကာတွန်းကားတွေထဲက မင်းသမီးလေးတွေသာ တကယ့်လက်တွေ့မှာရှိနေခဲ့မယ်ဆိုရင် ဒီချိန်မှာ အဖွားကြီးတွေဖြစ်နေမှာပေါ့နော်။ အသက်အရွယ်အပိုင်းအခြားအရမငယ်တော့ တဲ့ Disney မင်းသမီးလေးတွေက အရင်လိုပဲလှပပြီး ချစ်စရာကောင်းသေးရဲ့လားဆိုတာ ပရိတ်သတ်ကြီး ကြည့်ပြီး ဆုံးဖြတ်ပေးလိုက်ကြပါဦး။
Snow White မင်းသမီးလေးဟာ နန်းတော်ကထွက်ပြေးပြီး တောထဲမှာမင်းသားလေးနဲ့ စတွေ့တဲ့အချိန်က သူ့အသက် ၁၄ နှစ်သာရှိပါသေးတယ်တဲ့။ အခုတော့အသက်ကြီးလို့ အဖွားဖြစ်နေပြီပေါ့နော်။
Alladin ကာတွန်းကားထဲက မင်းသမီးလေး Jasmine ဟာ ထိုအချိန်တုန်းက အသက် ၁၅ နှစ်သာရှိပါသေးတယ်တဲ့။ အခုချိန်မှာဆိုရင် သူလဲအသက်ကြီးနေပါပြီ။
တောတွင်းလူရိုင်းမျိုးနွယ်စုခေါင်းဆောင်ရဲ့ သမီးတော်လေး Pocahontas ဟာ John Smith နဲ့ စတွေ့တဲ့အချိန်တုန်းက အသက် ၁၈ နှစ်သာရှိပါသေးတယ်တဲ့။ ခုတော့ သူတို့နှစ်ယောက်လဲအသက်ကြီးနေပြီဖြစ်ပါတယ်။
ရေအောက်နန်းတော်က ပင်လယ်နတ်မင်းကြီးရဲ့သမီးတော်အငယ်ဆုံးလေး Ariel ကတော့ သူတိတ်တခိုးစွဲလမ်းမိတဲ့ မင်းသားလေးကိုစတွေ့တဲ့အချိန်မှာ အသက် ၁၆ နှစ်သာရှိပါသေးတယ်။
ခြေထောက်ကျိုးနေတဲ့ ဖခင်ကို စစ်မှုမထမ်းရအောင် ယောင်္ကျားလေးယောင်ဆောင်ပြီး စစ်မှုသွားထမ်းတဲ့ Mulan ကလဲထိုအချိန်က အသက် ၁၉ နှစ်သာရှိပါသေးတယ်။ ခုတော့ Mulan လဲအရင်လိုလျှောက်မလုပ်တော့ပဲ တည်ငြိမ်တဲ့ သူတစ်ယောက်ဖြစ်နေပါပြီ။
ရုပ်ချော၊ သဘောကောင်း၊ သွက်လက်ပြီးချစ်စရာကောင်းတဲ့ Belle ကတော့ ကျိန်စာသင့်နေတဲ့ မင်းသားလေးနဲ့ တွေ့ဆုံတဲ့အချိန်မှာ အသက် ၁၇ နှစ်သာရှိပါသေးတယ်။ အခုတော့သူမလဲ တည်ငြိမ်ရင့်ကျက်တဲ့ အရွယ်ရောက်နေပြီပေါ့နော်။