BEC-TERO TV

အမျိုးသမီးမသိစေဘဲ ၁၄နှစ်တိုင် ထရက်စ်ကား မောင်းပြီး လုပ်ကျွေးခဲ့တဲ့ အမျိုသား

17 Dec 2018     1,458 Views


သူနာမည်ကတော့ မာတင်ပါ။ အသက်ကတော့ ၄၈ ပါ ။သူဟာ အင်္ဂလန် နိုင်ငံ ဆဲ့လ်တီးနက် ဆိုတဲ့ရွာလေး တစ်ရွာက ဖြစ်ပြီး ၊ သွူမှာ ဇနီသည်တစ်ယောက်နဲ့အတူနေထိုင်ပါတယ် ။ သူမိန်းမဟာ အသုံးအဖြုန်းကြီးသူတစ်ဦး ဖြစ်ပြီး အားရှိ ယောင်္ကျားလစာနဲ့ ကမ္ဘာ ပတ်နေချင်သူပါ ၊ မာတင်ဟာ Yorkshire ပြည်နယ် မှာ lottery ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေတာဖြစ်ပါတယ် ။


အဆိုပါ ကုမ္ပဏီမှာ လစာက မဆိုးဘူးလို့တော့ပြောရမယ်။ သူမိန်းမရယ် ၊ သူရယ် နှစ်ယောက်စာကတော့ ကောင်းကောင်းသုံးလို့ရတဲ့အခြေအနေပါ။ မကြာပါဘူး အဲ့အလုပ်က ဒေဝါရီ ခံလိုက်ရတာကြောင့် မာတင်တစ်ယောက်အလုပ်မဲ့ အကိုင်မဲ့ တစ်ယောက်ဖြစ်သွားပါတယ် ။ အဲ့ဒီအချိန်က အင်္ဂလန် နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းရှားပါးနေတဲ့အချိန်ဖြစ်ပါတယ် ။ မာတင်တစ်ယောက် သူမိန်းမ မသိအာင် စုမိ ဆောင်မိတာလေးနဲ့ အကြွးနဲ့ ထရက်စ်ကား အစုတ် အသေးစားလေးကို ဝယ်ယူခဲ့ပြိး အဲ့မြို့မှာပဲ ထရက်စ် ကား မောင်းပြီး ဝင်ငွေရှာပါတယ်။ lottery ကုမ္ပဏီက ဒေဝါရီ ခံတာပြီး အလုပ်မဲ့ဖြစ်သွားတာကိုတော့ သူမိန်းမကို မပြောပြခဲ့ပါဘူး ။ သူကားမောင်းတဲ့ အလုပ်က lottery ကုမ္ပဏီ အလုပ်လုပ်သလောက် တော့  ဝင်ငွေနည်းပါတယ်။


သူမိန်းမတစ်ယောက်ကတော့ သူယောင်္ကျားက အရင်အလုပ်မှာပဲထင်ပြိး အရင်ထက် ပိုပြိး အသုံးများလာခဲ့ပါတယ်။ ။ဒါတွေကို မာတင်တစ်ယောက် အပြစ်မမြင်ခဲ့ပဲနဲ့ ထရက်စ်ကားမောင်ပြိး ကြိုးစားပြိး ပိုက်ဆံရှာပေးပါတယ်။ အဲ့ဒီလို အခြေအနေတွေကို သူမိန်းမကိုပြောမပြခဲ့ဘဲ ၁၄ နှစ်တိုင်တိုင် နှုတ်ငုံနေခဲ့ပါတယ်။

တစ်ချိန်အဲ့အကြောင်းကို သူ့ သူငယ်ချင်းတစ်ဦး ပြောမှ မာတင် ၏ မိန်းမသိရှိခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက် ဖြစ်စဉ်ကို အင်္ဂလန် ရုပ်သံလိုင်းတစ်ခုမှာ ပြသခဲ့ပြီး မာတင်၏ သူမိန်းမအပေါ် ချစ်ခြင်းတရားကို လူတွေက သိရှိပြီး ဂရုဏာ သက်ဝင်သွားခဲ့ကြပါတယ်။ မာတင်၏ မိန်းမလည်း သူကို အမိုက်အမဲ များကိုတောင်ပန်ပြီး ချစ်ချစ်ခင်ခင် နှစ်ကိုယ်တူ သက်ဆုံးတိုင်နေသွားခဲ့ကြပါတယ်။


17 Dec 2018     1,458 Views




RELATED

Most Popular of International News

Most Popular of NEWS