ဖေဖေ့ရဲ့သံစဉ်စည်းချက်နဲ့အညီ ယိမ်းနွဲ့ကရင်း ပျော်ရွှင်နေကြတဲ့ ခေတ်နဲ့သစ်
18 Dec 2018 1,555 Views

ဖေဖေနဲ့မေမေရဲ့ အသဲကျော်လေးတွေဖြစ်နေရုံသာမက ပရိသတ်တိုင်းကပါ သဲသဲလှုပ် တုန်နေအောင်ချစ်ကြရတဲ့ ခေတ်နဲ့သစ်လို့ခေါ်တဲ့ အမွှာသမီးလေးနှစ်ယောက်ကတော့ အွန်လိုင်းပေါ်မှာ နာမည်အကြီးဆုံး ဆယ်လီမီးမီးလေးတွေဆိုလဲ မမှားပါဘူးနော်... မွေးကတည်းက ချစ်မွှေးအပြည့်ပါလာကြတဲ့ မီးလေးနှစ်ယောက်ကတော့ အနုပညာရှင်တွေဖြစ်ကြတဲ့ ဖေဖေ၊မေမေတို့ထက်တောင် ချစ်ခင်အားပေးသူတွေ အခိုင်အမာပေါများလို့နေပါတယ်။
လည်လွန်း တတ်လွန်းနေပြီဖြစ်တဲ့ ခေတ်နဲ့သစ်လေးကတော့ ဖေဖေလင်းလင်းနဲ့အတူ စန္ဒယားတီးရင်း သီချင်းဆိုကာပျော်ရွှင်လို့နေကြပါတယ်။ ဖေဖေ့ရဲ့အားလပ်ချိန်ကို သားအဖသုံးယောက် ပျော်ရွှင်မှုတွေဖန်တီးပြီး ဖြတ်သန်းနေပုံကတော့ မြင်ရတာကြည်နူးစရာအပြည့်ပါပဲ။ လင်းလင်းကတော့ အားလပ်ရက်ရတဲ့ စူပါတနလာင်္ဖြစ်ပေမယ့် သမီးလေးတွေကိုထိန်းရင်း ဂီတနဲ့ပျော်ရွှင်နေကြတဲ့ သားအဖသုံးယောက်ရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို မျှဝေထားတာဖြစ်ပါတယ်။


“ယနေ့ စူပါတနင်္လာ အိမ်တွင်း day :))) သစ်ကလေးရဲ့တောင်းဆိုချက်ကြောင့် ရိုက်ပေးရတဲ့ ဖိုတို သုံးပုံနဲ့ အွန်လိုင်းပြန်ရောက် အမှတ်တရ :)))) ဖိုတို by ကျနော့် ဂိုဏ်းချုပ်” ဆိုပြီးရေးသာကာ အိုက်တင်အမျိုးမျိုးနဲ့ ပဲပေးနေကြတဲ့ သမီးလေးတွေရဲ့ပုံကိုပါ ပရိသတ်တွေအတွက် အလွမ်းပြေမျှဝေပေးထားတာပဲဖြစ်ပါတယ်။






