ယောင်္ကျားနဲ့ မိန်းမတန်းတူဖြစ်ကြောင်းပြသဖို့ အပေါ်ပိုင်းဗလာကျင်းဝတ်ခဲ့ကြသူများ
18 Dec 2018 1,560 Views

လက်တလော ဟောလိဝုဒ်အမျိုးသမီး အနုပညာရှင်တွေမှာခေတ်စားနေတဲ့ ဖက်ရှင်တစ်ခုကတော့ အထဲက ရှပ်အင်္ကျီ(သို့) bra မဝတ်ပဲ ဒီတိုင်း coat ကို အထာကျကျ ဝတ်ဆင်တဲ့ ဖက်ရှင်ဖြစ်ပါတယ်။
ဒီဖက်ရှင်ကို စတင်လုပ်လာသူကတော့ fashion influencers တွေလို့လူသိများတဲ့ Kim Kardashain ၊ Blake Lively နဲ့ Cardi B တို့ကစတင်ဝတ်ဆင်ခဲ့ကြတာပါ။ မိန်းမတွေအတွက် ရှပ်အကျီင်္မလိုဘူး၊ မိန်းမတွေလဲ ယောင်္ကျားတွေဝတ်စားသလို ဝတ်စားဆင်ယင်နိုင်ကြောင်းပြသတဲ့အနေနဲ့ ဒီလိုဝတ်ဆင်ကြတာဖြစ်ပါတယ်။
Cardi B
မိန်းမတွေလဲ ယောင်္ကျားများနည်းတူ အပေါ်ပိုင်းဗလာနဲ့ ဝတ်စားသွားလာနိုင်ကြောင်း ၊ ဒီကမ္ဘာမြေကြီးမှာ ယောင်္ကျားနဲ့မိန်းမ တန်းတူတစ်သားတည်းဖြစ်ကြောင်း၊ ကျား၊မ ခွဲခြားခြင်းမရှိပဲ လူကို လူတစ်ယောက်အနေနဲ့သာမြင်သင့်ကြောင်း သက်သေပြတဲ့အနေနဲ့ သူမတို့က ဒီလိုဝတ်ဆင်ပြတာဖြစ်ပါတယ်။
Kim Kardashian West
ပြီးခဲ့တဲ့ စနေနေ့မှာ ပြုလုပ်ခဲ့တဲ့ Live Show အစီအစဉ်မှာ Miley Cyrus ဟာ အပေါ်ထပ် ဂျက်ကတ်တစ်မျိုးထဲကိုသာ ဝတ်ဆင်ခဲ့ပါတယ်။ သူမက ဂျက်ကတ်ကို ဇစ်တပ်ထားခြင်းလဲမရှိပဲ ဒီတိုင်းဖွင့်ပြီး သူမအသစ်ထွက်ရှိထားတဲ့သီချင်း “Nothing Breaks Like a Heart” သီချင်းကိုဆိုနေခဲ့တာပါ။ Miley အတွင်းထဲက ဘာအင်္ကျီမှ ဝတ်ထားခြင်းမရှိတာကို အတိုင်းသားမြင်နေရတဲ့အတွက် ပရိတ်သတ်တွေက အံ့အားသင့်ခဲ့ပြီး တွစ်တာစာမျက်နှာမှာ တွိစ်ခဲ့ကြပါတယ်။
Miley Cyrus
Blake Lively
Jennifer Anston နဲ့ Hailey တို့ကလဲ ကျား၊မ အခွင့်အရေးတန်းတူဖြစ်ကြောင်းပြသဖို့ ဒီလို အတွင်းက ရှပ်အကျီင်္မပါပဲ ဝတ်စားပြခဲ့ကြပါတယ်။
Jennifer Aniston
Hailey Baldwin