BEC-TERO TV

မိခင်ကိုပြန်သတ်ခဲ့တဲ့ ကလေးငယ်ကို အာဏာပိုင်များ ခေါ်ဆောင်ကာ ခြေရာဖျောက်

19 Dec 2018     1,275 Views


တရုပ်နိုင်ငံတွင် ဒီဇင်ဘာလ ၂ ရက်နေ့က မိခင်ဖြစ်သူကို ဓားနဲ့ထိုးသတ်ခဲ့တဲ့ အသက် ၁၂ နှစ်အရွယ် ၆ တန်းကျောင်းသား ကလေးကို အာဏာပိုင်များက သူ့ရဲ့နေအိမ်ကနေ ခေါ်ဆောင်သွားခဲ့ပြီး မည်သူမျှ မသိရှိနိုင်တဲ့ နေရာမှာ ခြေရာဖျောက်ထားလိုက်ပြီဖြစ်ပါတယ်။

မိခင် အလှူအိမ်မှ ယူလာသော စီးကရက်များကို အကုန်ခိုးသောက်ခဲ့သဖြင့် မိခင်က ရိုက်နှက်ဆုံးမသည်ကို မကျေမနပ်ဖြစ်ကာ မီးဖိုဆောင်သုံးဓားဖြင့် အသေထိုးသတ်ခဲ့ခြင်းဖြစ်သည်။ တရုပ်နိုင်ငံ ဥပဒေအရ အသက် ၁၂ နှစ်အရွယ် ပြစ်မှုကျူးလွန်သူကို မည်သည့်ပြစ်ဒဏ်မှ ပေးလို့မရသည့်အတွက် အမှုမှ ကွင်းလုံးကျွတ် ပြန်လွှတ်ပေးခဲ့ရသည်။

မိသားစုက သူ့ကို ကျောင်းပြန်တက်ရန် ကျောင်းကို ပို့ခဲ့ရာ ကျောင်းသားမိဘများ၏ ကန့်ကွက်မှုဖြင့် ကျောင်းပြန်တက်ရန် အခက်အခဲဖြစ်နေချိန်တွင် အာဏာပိုင်များက ယခုလို စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူက ပြောကြားခဲ့သည်။

ကလေးကို နယ်မြေခံလုံခြုံရေး၊ ပညာရေးဌါန နဲ့ မြို့တော်အုပ်ချုပ်ရေး အဖွဲ့များရဲ့ ပူးပေါင်း အစီအမံအောက်မှာ ထားရှိမည်ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ကုသမှုလမ်းညွှန်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကလေးဟာ အဖွဲ့အစည်းရဲ့ စီစဉ်ပေးမှုနဲ့ တစ်နေရာရာမှာ သူမည်သူမည်ဝါဖြစ်သည်ကို မဖော်ပြပဲ ပညာဆက်လက် သင်ကြားခွင့်ရမှာဖြစ်ပါတယ်။

ကလေးကို ဖခင်ဖြစ်သူနဲ့ မိသားစုက ဆက်လက်အုပ်ထိန်းပိုင်ခွင့်မရှိတော့ပဲ တစ်နှစ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်လောက်သာ တွေ့ခွင့်ရတော့မည်ဟု သူရဲ့ဖခင်က ပြန်လည်ဖြေကြားခဲ့ပါတယ်။ အစိုးရအနေနဲ့ သူ့သားရဲ့ ပညာရေးကို ဆက်လက်ထောက်ပံ့နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ကလေးဟာ အသက် ၇ နှစ်ဝန်းကျင်ခန့်က ဦးခေါင်းဒဏ်ရာ ရရှိခဲ့ပြီးနောက် သူ့ရဲ့ အပြုအမူတွေက ပုံမမှန်တော့ကြောင်း အဖိုးဖြစ်သူက ပြောပြခဲ့ပါတယ်။ ဒါ့အပြင် မိခင်ကို သတ်ဖြတ်ခဲ့မှုအတွက် နောင်တရပုံမပေါ်ကြောင်းလည်း သိရှိရပါတယ်။

အစိုးရအနေနဲ့ ကလေးကို သူ့အကြောင်းမသိတဲ့ ပတ်ဝန်းကျင်အသစ်မှာ အခြားနောက်ထပ် မည်သည့်ပြဿနာများ မဖြစ်ပေါ်အောင် စီမံနိုင်လိမ့်မည်ဟု မျှော်လင့်နေကြပြီး တစ်ဖြည်းဖြည်း ခြေရာဖျောက်ထားသည့်အတွက် နောင်တစ်ချိန် လူမှုပတ်ဝန်းကျင်အတွက် အန္တရာယ်ပေးတဲ့သူ မဖြစ်လာဖို့ ဆုတောင်းလျှက်ရှိကြောင်း သိရှိရသည်။


19 Dec 2018     1,275 Views




RELATED

Most Popular of International News

Most Popular of NEWS