BEC-TERO TV

နှစ်သစ်ကို ပြက်လုံးအသစ်တွေနဲ့အတူ ပြန်လည်ရောက်ရှိလာတော့မယ့် နှင်းဆီအဖွဲ့သားများ

20 Dec 2018     1,764 Views


မြန်မာနိုင်ငံက ဒိတ်ဒိတ်ကြဲ နာမည်ကြီးစူပါမင်းသားတွေ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ နှင်းဆီအငြိမ့်အဖွဲ့ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှု၊ အားပေးမှုတွေကို အများဆုံးရရှိထားတဲ့ အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ်။ အဆိုတော်၊ မင်းသားတွေတစ်ဖြစ်လဲ လူရွှင်တော်တွေအဖြစ်ပါ ပရိသတ်ရဲ့အားပေးမှုတွေကိုရရှိထားတဲ့ နေတိုး၊ ကျော်ကျော်ဗို၊ ရဲလေး၊ ထွန်းထွန်းနဲ့ မင်းမော်ကွန်းတို့က အတိုင်အဖောက်အညီညီ မရိုးရတဲ့ ပြက်လုံးဆန်းတွေနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်အောင်လုပ်ပေးနိုင်ကြသူတွေဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ နှင်းဆီအဖွဲ့သားတွေပြုလုပ်တဲ့ အငြိမ့်ပွဲတိုင်းကို ပရိသတ်တွေက မလွတ်စတမ်းအားပေးနေကြတာပဲဖြစ်ပါတယ်။



အလုပ်တွေကိုယ်စီမအားလပ်တာကြောင့် ပရိသတ်တွေနဲ့အနည်းငယ်ဝေးကွာနေပြီဖြစ်တဲ့ နှင်းဆီအဖွဲ့သားတွေကတော့ နှစ်သစ်မှာ ပြက်လုံးအသစ်တွေနဲ့ ပရိသတ်ရှေ့မှောက်ကိုပြန်လည်ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ “နှင်းဆီပ၀ါ ခြုံတဲ့လက်” ဆိုတဲ့ အငြိမ့်ပွဲလေးကိုတော့ ဇန်န၀ါရီလ (၁၁) ရက်နေ့နဲ့ (၁၂) ရက်နေ့ နှစ်ရက်တိုင်တိုင် တော်ဝင်းဂါးဒင်းဟိုတယ်မှာ ကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်။



ထိုပွဲလေးမှာတော့ လူရွှင်တော်တွေအဖြစ် နေတိုး၊ ကျော်ကျော်ဗို၊ ရဲလေး၊ ထွန်းထွန်းနဲ့ မင်းမော်ကွန်းတို့အပြင် မင်းသမီးတွေအဖြစ် ဖူးစုံ၊ မေကဗျာ၊ မိုးယုစံနဲ့ မိုးပြည့်ပြည့်မောင်စတဲ့ နှင်းဆီအဖွဲ့သားတွေက ပါဝင်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ နှစ်သစ်မှာ ပရိသတ်တွေရှေ့မှောက်ပြန်လည်ရောက်ရှိလာမယ့် နှင်းဆီအဖွဲ့သားတွေကတော့ ဘယ်လိုမျိုးပြက်လုံးဆန်းတွေနဲ့ ဟာဒရရွှင်ဆေးကျွေးမလဲဆိုတာ စောင့်မျှော်ရင်း နှင်းဆီအဖွဲ့သားတွေကို သွားရောက်အားပေးလိုက်ကြဦးနော်....




20 Dec 2018     1,764 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS