BEC-TERO TV

သိုဝှက်ထားတဲ့ချစ်သူကောင်လေးကို တရားဝင်ချပြလိုက်ပြီဖြစ်တဲ့ ဘေဘီမောင်

20 Dec 2018     1,675 Views


မော်ဒယ်သရုပ်ဆောင် ဘေဘီမောင်ကတော့ သူမရဲ့အချိုးအစားကျလှပတဲ့ ကောက်ကြောင်းနဲ့ Sexy ကျကျဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်တို့ကြောင့် ယောကျာ်းထုကြီးရဲ့ အခိုင်အမာဝန်းရံအားပေးမှုကို ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ မြန်မာဆန်ဆန်ဝတ်စုံလေးတွေဝတ်ရင် ရင့်ကျက်လှပသူတစ်ယောက်ဖြစ်သလို ခပ်ဟော့ဟော့ဖက်ရှင်တွေနဲ့လဲ ဆွဲဆောင်မှုပိုလွန်းသူလေး ဘေဘီမောင်ကတော့ ယောကျာ်းထုကြီးကို ၀မ်းနည်းအောင်လုပ်လိုက်ပြန်ပါပြီ။



အဲ့တာကတော့ သိုဝှက်ထားတဲ့ချစ်သူချောချောလေးကို လူသိရှင်ကြားတရားဝင်ချပြလိုက်တာပဲဖြစ်ပါတယ်။ ဘေဘီမောင်ရဲ့ချစ်သူကတော့ ပရိသတ်တွေကြိုက်နှစ်သက်တဲ့ အဆိုတော်ချောလေး သားဂန်းပဲဖြစ်ပါတယ်။ Bar သစ်တစ်ခုရဲ့ မိတ်ဆက်ပွဲကို နှစ်ယောက်အတူတူယှဉ်တွဲပြီး တက်ရောက်ကာ ချစ်သူတွေဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလိုက်တာပဲဖြစ်ပါတယ်။ ဘေဘီမောင်ကတော့ အဆိုတော်ချစ်သူချောချောလေးရထားတဲ့အတွက် ဂုဏ်ယူနေသလို သားဂန်းကသူမထက်ငယ်တာကြောင့် မောင်လို့ခေါ်ရတာအဆင်ပြေတယ်လို့လဲ ဆိုထားပါသေးတယ်။ ပရိသတ်တွေကြားထဲတော့ နောက်ထပ် မနဲ့မောင် အနုပညာရှင်စုံတွဲလေး ထွက်ပေါ်လာပြန်ပါပြီနော်…



ခုလိုမျိုး တရားဝင်ချစ်သူကို ချပြလိုက်တဲ့အတွက် အားပေးချစ်ခင်သူတွေရှိသလို ဝေဖန်သူတွေလဲ ရှိနေတာကြောင့် “ကိုယ့်ကိုချစ်တဲ့သူက ကိုယ့်ကိုကောင်းတာပြောတယ်… ကိုယ့်ကိုမချစ်တဲ့သူက ကိုယ့်ကိုမကောင်းတာတွေပြောမယ်… ဘာတွေပဲပြောပြော ကိုယ့်အကြောင်းတွေပြောပီဆိုထဲက ကိုယ့်ကိုချစ်လို့ပြောတယ်လို့ပဲ ခံယူပါတယ်… လောကကြီးကနေတတ်ရင်ကျေနပ်စရာကြီးပါ.. ချစ်တယ်နော်အားလုံး” ဆိုပြီး သူမရဲ့ခံစားချက်တွေကို ဖေ့စ်ဘွတ်ကနေ ရင်ဖွင့်ရေးသားထားတာကို တွေ့ရပါတယ်။



ဘေဘီမောင်ကို ချစ်တဲ့သူတွေရော၊ သားဂန်းကိုအားပေးနေကြသူတွေရော သူတို့နှစ်ယောက်ကို အချစ်တွေမလျော့ပဲ ဆက်လက်အားပေးလိုက်ကြပါဦးနော်…


20 Dec 2018     1,675 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS