BEC-TERO TV

အထိုင်များသူများအတွက် အသက်ကယ်ဆေး ငါးမိနစ်

20 Dec 2018     1,366 Views


ယနေ့ခေတ်လူများဟာ ကွန်ပျူတာရှေ့မှာ ၇ နာရီကြာ ၈ နာရီကြာ အလုပ်လုပ်ပြီး အိမ်ရောက်တော့လည်း တီဗီ ရှေ့ထိုင်လိုက် ၊ ဖုန်းကိုင်ရင် ထိုင်လိုက်နဲ့ အချိန်တွေ ကုန်မှန်းမသိကုန်စေပြီး အထိုင်များလာကြပါတယ်။ အထိုင်များသော လူနေမှုပုံစံ ဟာ ကျန်းမာရေး ကို ဆိုရွားစွာ ထိခိုက်စေနိုင်တယ် ဆိုတာကို စစ်တမ်းများစွာက် သုံးသပ် ထောက်ပြထားပါတယ်။


ထိုင်ခုံမှာ အထိုင်များလာတဲ့ အခါ ကြွက်သားများဟာ လုပ်ရှားမှုနည်းပါးလာပြီး နှလုံးကို လည်ပတ်ဖို့ သွေးကြောလည်ပတ်မှု မပေးနိုင်တာကြောင့် အောက်ပိုင်းတွေဟာ သွေးရောက်မှုနည်းပါစပြီး သွေးအပြည့်မစီးဆင်းနိုင်ဘဲ သွေးအိုင်စေမှုကို ဖြစ်ပွားစေပါတယ်။ ဒါတွေဟာ လေဖြတ်နိုင်ခြေ ၊ ခေါင်းမကြည်ခြင်း အစရှိသည်များဖြစ်ပွားစေနိုင်ပြီး ရှောင်ကြည်ဖို့လည်း မဖြစ်နိုင်ပေမဲ့ ဆင်ခြင်ဖို့တော့ ဖြစ်နိုင်ပါတယ်။


အသက် ၂၀ မှ ၃၅ နှစ်အတွင်းရှိသူ ၁၂ ဦးသုတေသနပြုရာ ၃ နာရီခြား လမ်းထလျောက်သူနှင့် ၁ နာရီ ခြား လမ်းထလျှောက်သူ တို့ နှိုင်းယှဉ်ရာ ၃ နာရီးခြား လမ်းထလျှောက်သူက တစ်နာရီခြားလမ်ထလျော်ကသူထက် အလုပ်လုပ်နိုင်စွမ်း ၅၀% ခန့်းကျဆင်းသွားကြောင်း သိရသည်။ အထိုင် အလုပ်နဲ့ အမြဲလုပ်နေသူများအဖို့ တစ်နာရီခြား ၅ မိနစ် ခန့် ကျန်းမာရေးအတွက် လမ်းထလျောက်ဖို့ လိုအပ်ပါတယ်။အဲဒီလို လုပ်ခြင်းဟာ သင့်ရဲ့ အသက်ရှည်စေ ဖြစ်စေသလို ၊ စိတ်ကြည် ခေါင်းကြည်နဲ့ အလုပ်ကို ကောင်းကောင်မွန်မွန် အလုပ်လုပ်နိုင်မှာပါ။



20 Dec 2018     1,366 Views




RELATED

Most Popular of Special or Others

Most Popular of Life Style