BEC-TERO TV

မော်ရိုကိုတွင် ကမ္ဘာလှည့်ခရီးသည်အမျိုးသမီး နှစ်ဦးအား ဘုရား၏ရန်သူဟု စွပ်စွဲပြီးကွပ်မျက်

21 Dec 2018     1,419 Views


ISIS အကြမ်းဖက်သမားများနဲ့ ဆက်စပ်သူများဟု ယူဆထားသော အဖွဲ့တစ်ဖွဲ့က အကြမ်းဖက်သမားများနဲ့ ဆက်စပ်သူများဟု ယူဆထားသော အဖွဲ့တစ်ဖွဲ့က ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးကာ ဘုရား၏ရန်သူတော်များဖြစ်ကြောင်း ရုပ်သံရိုက်ကူးကာ ပြောကြားခဲ့ပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

Maren Ueland ၊ Louisa Vesterager Jespersen


နော်ဝေနိုင်ငံသူ Maren Ueland (၂၈ နှစ်) နှင့် ဒိန်းမတ်နိုင်ငံသူ Louisa Vesterager Jespersen (၂၄ နှစ်) တို့ကို တောင်တန်းများအနီးရှိ အင်မလီကျေးရွာတွင် တနင်္လာနေ့က သေဆုံးလျှက်တွေ့ရှိခဲ့ရသည်။ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့သည့် ထိန့်လန့်ဖွယ်ရာရုပ်သံတွင် “အလ္လာအရှင်မြတ်ရဲ့ ဆန္ဒအတိုင်း” ဟု အော်ဟစ်ခဲ့ကြပြီး “ဒါ..ဆီးရီးယားအတွက်” ဆိုပြီး ပြောဆိုခဲ့တာကို တွေ့ခဲ့ရပါတယ်။


နောက်ထပ်ရုပ်သံတစ်ခုမှာတော့ အမျိုးသား ၄ ဦးက အဖြူအနက်အလံကို နောက်ခံထားလျှက် အခုလိုတိုက်ခိုက်တဲ့ လုပ်ရပ်ဟာ ISIS အဖွဲ့ကို သက်သေပြတာဖြစ်ကြောင်း ISIS ခေါင်းဆောင် Abu Bakr al-Baghdadi ကို ပေးပို့ပြောကြားခဲ့ပါတယ်။


ပြီးခဲ့တဲ့ရက်ပိုင်းက အကြမ်းဖက်သတ်ဖြတ်မှုတွင် သံသယရှိသူ ၃ ဦးကို မာရာကတ်ရှ်မြို့က ဘတ်စ်ကားတစ်စင်းပေါ်မှာ လက်နက်များနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး နောက်တစ်ရက်မှာတော့ အစ္စလာမ်အစွန်းရောက်အဖွဲ့ တစ်ဖွဲ့ထဲက တစ်ဦးဖြစ်မည်ဟု ယူဆရတဲ့ ၄ ယောက်မြောက် သံသယရှိသူကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။


သတ်ဖြတ်ခံခဲ့ရတဲ့ Ms Ueland နဲ့ Ms Vesterager တို့ဟာ နော်ဝေတက္ကသိုလ်မှာ ပညာသင်ကြားနေသူတွေဖြစ်ကြပြီး အတ်လတ်စ်တောင်တန်းတွေပေါ်ကို တောင်တက်ဖို့ စီစဉ်နေချိန် မာရာကတ်ရှ်မြို့ထဲမှာ အမျိုးသား ၃ ဦးက သူတို့နောက်ကို လိုက်ခဲ့တာဖြစ်ပါတယ်။

သံသယတရားခံ ၄ ဦးစလုံးဟာ အသက် ၂၅ နှစ်နဲ့ ၃၃ နှစ်ကြား အမျိုးသားများ ဖြစ်ကြပါတယ်။


21 Dec 2018     1,419 Views




RELATED

Most Popular of International News

Most Popular of NEWS