BEC-TERO TV

ဒီပျက်ရှင်တွေ အားလုံး အဝေးကို GO....

21 Dec 2018     1,332 Views


၁ ။ တစ်ကြိမ်မှာ တစ်ခုသာ စဉ်းစားပါ
 
စိတ်ဖိစီးမှုတွေများလာပြီး စိတ်အနောက်အယှတ်တွေဝင်လာပြီဆိုရင် အတိတ်ကအကြောင်းအရာတွေက ၉၀ % ပါလာတာကိုတွေံရပါတယ်။မနေ့က တနေ့ကဟာတွေ နောင်တ ရမနေဘဲ ၊ နက်ဖြန်အတွက် တွေးပူမနေဘဲ ၊ဒီနေ့မှာ လုပ်နိုင်တာကို လုပ်ဖို့ပါပဲ ။ အလုပ် နှစ်ခု သုံးခု လုပ်ဖို့ ဗျာများမနေဘဲ လုပ်သင့်တာ ၊ လုပ်နိုင်တာတစ်ခုက စလုပ်ရင် စိတ်ဖိစီးမှုနည်းပါးလာမှာပါပဲ။

၂ ။ ရိုးရိုးလေး အစီအစဉ်ဆွဲပါ ။
မနိုင်ဝန်ထမ်းတဲ့ အစီအစဉ်မျိုး မဟုတ်စေဘဲ ရိုးရိုးနဲ့ နိုင်နိုင်နင်းနင်းလုပ်နိုင်တာကို ဇယားချဖို့ပါပဲ ။
 

၃ ။ လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွနေပါ
ကျန်းမာရေးလည်းကောင်းမွန်စေပြီး စိတ်အနှောက်အယှက်များကင်ဝေးစေဖို့အတွက် လမ်းလျှောက်ထွက်ခြင်း ၊ ပြေးတာ ၊ Gym ကစားတာ စတာတွေဟာ ကျန်းမာရေးအတွက်လည်းကောင်း ၊စိတ်လက်လည်း ပေါ့ပါးစေပါတယ် ။

၄ ။ တစ်လအတွက် ကျန်းမာရေးကျင့်စဉ် တခု ချမှတ်ပါ
ဒီလ အသီးအရွက် များများစားမယ် ၊ဆေးလိပ် ဖြတ်မယ် ၊ ကွမ်းဖြတ်မယ် ၊ အရက်ဖြတ်မယ် ၊သွားရည်စာတွေ ရှောင်မယ် ၊ ရေများများသောက်မယ် ၊ သွားချေးချွတ်မယ် ၊ကိုယ်တိုင် အဟာရဖြစ်တာရွေးချက်မယ် ၊ စသဖြင့် တစ်ကြိမ်မှာ အကျင့်တခု မွေးယူလိုက်ခြင်းဖြင့် သင့်ရဲ့ ဒီပျက်ရှင် ဝင်စေမဲ့အကြောင်းအရာတွေကို တာဆီးပေးနိုင်မှာပါ။

၅ ။ စိတ်တည်ငြိမ်စေအောင် တခုခု လုပ်ပါ၊
စိတ်ဝင်စားတဲ့ စာအုပ်ကို အချိန်ပေး ဖတ်တာ ၊အိမ်အလုပ်တွေ ၊ တရားမှတ်တာ ၊ တရားထိုင်တာ ၊ တရားစာ ရွတ်ဖတ်တာ ၊ပန်းခြံထဲ ၊ တောလမ်းထဲ လမ်းလျှောက်တာ ၊စသဖြင့် တနေ့တမျိုး ကြိုးစားကြည့်ပါ ။ တရားထိုင်းခြင်းကတော့ စိတ်ကိုအလွန် တည်ငြိမ်စေပါတယ်။

၆ ။ ပျော်ပျော်နေပါ
အလုပ်ထဲမှာ နစ်မြုပ်နေတာကို သတိပြုပါ ၊ပျော်စရာအတွက် အချိန်မပေးနိုင်ဘူး မလုပ်ပါနဲ့ ၊ခလေးတွေ ၊ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ အချိန်ဖြုန်းကြည့်ပါ ၊သင်ပျော်ရွှင်အောင်လုပ်ဖို့ သင့်မှာတာဝန်အရှိဆုံးပါ ။
 

၇။ အရှုပ်တွေ ရှင်းပါ
မိမိအိမ်မှာ သန်ရှင်းသန်ရပ်နေမှ မိမိစိတ်ဟာ ကြည်လင်ရှင်းသန့်နေမှာ ဖြစ်ပါတယ် ။ဒါကြောင့်စားပွဲပေါ်က ၊ အိပ်ခန်းထဲက ၊ အိမ်ထဲက အသုံးမလိုဘဲ စုပုံနေတဲ့ ပစ္စည်းတွေ ရှင်းပါ ၊အသုံးလိုတာတွေကို စီစီရီရီ သပ်သပ်ရပ်ရပ် နေရာချပါ ၊အိမ်ခန်း ၊ အိပ်ခန်းကို နေချင့်စဖွယ်ဖြစ်အောင် ရှင်းလင်းပါ ၊အိမ်တွင်း အိမ်ပြင် သာယာအောင် ရှင်းလင်းပါ ။
စိတ်ဖိစီးမှု ကင်းဝေးကြပါစေ



21 Dec 2018     1,332 Views




RELATED

Most Popular of Special or Others

Most Popular of Life Style