BEC-TERO TV

၆ လခန့်သတိလစ်ရာမှ နိုးလာခဲ့ပြီး RUM နဲ့ Coke ဗူးကို အရင်တောင်းတဲ့ အမျိုးသား

21 Dec 2018     1,412 Views


Texas မြို့မှာ နေထိုင်တဲ့ အသက် ၂၁ ၊ ဂျိမ်း စမစ် ဆိုတဲ့ လူတစ်ဦး ပါတီပွဲတစ်ခုမှာ သောက်စားပြီး အငြင်းအခုန်ဖြစ်ရာ၊ အရိုက်ခံခဲ့ပြီး ခေါင်းဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒဏ်ရာက ကြီးမားတာကြောင့် ၆ လခန့် သတိမေ့မျာ်သွားခဲ့ပြီး ခေါင်းဒဏ်ရာ ကြီးမားတာကြောင့် ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို သူ မမှတ်မိခဲ့ပါဘူး။


ဒါမဲ့ သူသတိလစ်ရာကနေ နိုးလာတဲ့ အခါမှာတော့ ထူးထူးဆန်းဆန်း တောင်းဆိုတာကတော့ RUM နဲ့ Coke ဗူးကို ပါ။ ဒါကို ဆရာဝန်က ခွင့်မပြုဘဲ ခေါင်း ဒဏ်ရာကြောင့် အရက်မသောက် သင့်ကြောင်း ၊ ပါတီ ပွဲညမှာ အရိုက်ခံခဲ့ရတဲ့အကြောင်း ဖြစ်စဉ်ကိုပြောပြသော်လည်း အမျိုးသားမှာ “ဘာကိုမှ မမှတ်မိဘူး ၊ အဲ့နေ့ က သူပါတီ မှာရှိနေခဲ့တာလား “ လို့ပြန်မေးပါတယ်။ အဲ့အနောက် အကြာင်းသိတဲ့ ဘေးနားမှာရှိတဲ့ သူ့အကို က စူပါမားကပ် ကိုသွားပြီး RUM နဲ့ Coke ဗူးကိုသွားဝယ်ပေးခဲ့ပါတယ်။


21 Dec 2018     1,412 Views




RELATED

Most Popular of International News

Most Popular of NEWS