BEC-TERO TV

မန္တလေးသွားဖို့အကြောင်းပြချက်ရှာတွေ့သွားပြီဖြစ်တဲ့ မမြတ်လေး

21 Dec 2018     1,512 Views


မန္တလေးသူတစ်ယောက်ဖြစ်ခဲ့၊ မန္တလေးမှာဈေးရောင်းရင်းနေထိုင်ခဲ့ဖူးတယ်ဆိုတဲ့ အပျိုကြီး မမအေးမြတ်သူတစ်ယောက် ပြီးခဲ့တဲ့ ရက်အနည်းငယ်က ‘မန္တလေးကို လာလည်ဖို့ အကြောင်းပြချက်ဘယ်လိုပေးရမလဲ’ လို့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။


ဒီဇင်ဘာလချိန်ခါ ရန်ကုန်မှာတော့ နှင်းတွေမြူတွေမဝေပေမယ့်လို့ မန္တလေးကတော့ ဒီလိုချိန်ဆို ကျုံးဘေးမှာမြူတွေဆိုင်းပြီးခိုက်ခိုက်တုန်အောင် ချမ်းနေပါပြီ။ မန္တလေးမှာနေဖူးတဲ့ မည်သူမဆို ဆောင်းရာသီချိန်ခါရောက်တိုင်း ချမ်းအေးတဲ့မန္တလေးရဲ့ အရသာကိုလွမ်းကြတာချည်းပါပဲ။


ပရိတ်သတ်ကြီးချစ်ရတဲ့မအေးမြတ်သူလဲ မန္တလေးမှာနေဖူးသူတစ်ယောက်အနေနဲ့ ဒီလိုအချိန်ခါမျိုးမှာ မန္တလေးကိုလွမ်းနေတယ်ဆိုတာမဆန်းပါဘူး။ သူမတစ်ယောက် မန်းလေးကိုလာလည်ဖို့ အကြောင်းပြချက်ရှာတွေ့သွားခဲ့ပါပြီ။


အစ်ကိုဖြစ်သူ မင်္ဂလာဆောင်အတွက် Pre Wedding ဓာတ်ပုံကိုပြင်ဦးလွင်မှာ လာရိုက်ရာက သူမကအစ်ကိုဖြစ်သူစုံတွဲ၊ မိသားစုဝင်တွေနဲ့အတူ ခရီးထွက်လာတာပဲဖြစ်ပါတယ်။ စိတ်ရင်းကောင်းပြီး မာနမကြီးတတ်တဲ့မအေးမြတ်သူက အိမ်ရဲ့တစ်ဦးတည်းသောသား အစ်ကိုဖြစ်သူ အတွက် ဂုဏ်ယူတဲ့အကြောင်းတင်ခဲ့ပါတယ်။

 

မာနမကြီးပဲပွင့်ပွင့်လင်းလင်းနေတတ်တဲ့သူမက မိဘတွေအတွက်သမီးကောင်းဖြစ်အောင် ကြိုးစားရင်း၊ ချစ်သူအတွက်ချစ်သူကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားရင်း၊ မောင်နှမတွေအတွက်လဲ ညီမကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားရင်း ၊ အကောင်းတွေဖြစ်အောင်ချည်းကြိုးစားနေရတာ တော်တော်ပင်ပမ်းပေမယ့် မမြတ်လေးက ပျော်ပါတယ်တဲ့။


မမြတ်လေးက ပြင်ဦးလွင်ကန်တော်ကြီးမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ပန်းပွဲတော်ကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ ‘မန်းလေးသွားဖို့ အကြောင်းပြချက် ကောင်းကောင်းရှာဖွေတွေ့ရှိသွားတဲ့ မမြတ်လေး’ ဆိုပြီး ပန်းပွဲတော်မှလည်ပတ်နေတဲ့ ပုံရိပ်တွေကို ပရိတ်သတ်ကိုဝေမျှခဲ့ပါတယ်။ ကြည့်ရတာမမြတ်လေးတစ်ယောက် ရန်ကုန်မပြန်ခင် ပြင်ဦးလွင်ကနေဆင်းပြီး မန္တလေးကိုသွားရောက်လည်ပတ်မယ့်ပုံပါပဲ။


မာနမကြီးတတ်တဲ့သဘောကောင်းတဲ့ မမြတ်လေးကို မန္တလေးမှာလည်ပတ်နေရတဲ့ ပုံရိပ်တွေမြင်တွေ့ရဦးမှာပေါ့နော်။ ပရိတ်သတ်ကြီးလဲ မမြတ်လေးကိုချစ်တယ်ဆိုရင် like&share လုပ်ဖို့မမေ့ကြပါနဲ့ဦး။


21 Dec 2018     1,512 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS