BEC-TERO TV

ခရစ်ယာန်တို့၏ နေ့ထူးနေမြတ် ခရစ္စမတ်နေ့ အကြောင်း သိမှတ်ဖွယ်ရာများ

23 Dec 2018     1,728 Views


ခရစ္စမတ်နေ့ ။ ခရစ္စမတ်နေ့က ကျွန်တော်တို့ ဗုဒ္ဓဘာသာ အတွက်နေ့ထူးနေ့မြတ်ဖြစ်သလို  ခရစ်ယာန်ဘာသာဝင်တို့အတွက်လည်း နေ့ထူးနေ့မြတ်ရက်ဖြစ်ပါတယ်။ ဒီဇင်ဘာလ (၂၅)ဟာ  ခရစ်ယာန် ဘာသာဝင်များအတွက် နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ ဒီဇင်ဘာလ (၂၅)ရက်နေ့ကို ခရစ္စမတ်နေ့လို့ ခေါ်တာက  ခရစ္စမတ်ဆိုတာက ခရစ်တော်၏မွေးဖွားခြင်းလို့ အဓိပ္ပာယ်ရပါတယ်။

ခရစ္စမတ်နေ့ကို  အေဒီ (၄)ရာစု မတိုင်ခင်ကတော့ ခရစ္စမတ်နေ့ကို အတိအကျ သတ်မှတ်ထားတာ မရှိတော့ ဇန်န၀ါရီ ၆ ရက် _ မတ် ၂၅ ရက် _ ဒီဇင်ဘာ ၂၅  ရက်  တွေမှာ  အသီးသီးကျင်းပခဲ့ကြတာဖြစ်ပါတယ်။ အရှေ့ပိုင်းအော်သိုဒေါ့  အသင်းတော် (Eastern Orthodox Church) ကတော့ ဇန်နဝါရီလ (၁၇) ရက်နေ့ကို ခရစ်စမတ်နေ့လို့မှတ်ယူကြတယ်လို့ သိရပါတယ်။


ခုနောက်ပိုင်း ခရစ်ယာန်အသင်းတော် က ဒီဇင်ဘာလ (၂၅) ရက်ကို ခရစ္စမတ် ရက်လို့ သတ်မှတ်ကြပြီး နိုင်ငံတာကာမှာ ခရစ်ယာန်တို့၏ အထိမ်းအမှတ်နေ့ထူးနေမြတ် အနေနဲ့ ကျင်းပကြပါတယ်။ ခရစ္စမတ်နေ့ရောက်ရင် ခရစ္စမတ်ကတ်လှလှလေးတွေ ဝယ်ပြီး ချစ်ကြ ခင်ကြသူတွေကို ကတ်ထဲမှာ စာလေးတွေရေးကြ။ လက်ဆောင်တွေ ပေးကြ။ချစ်စကား ကြိုက်စကားတွေလည်း ပြောကြ၊ ဆုတောင်း ပြည့်တယ် လို့ ယုံကြည်ကြတာကြောင့် ပျော်စရာ အလေ့အထလေး တစ်ခုဖြစ်ပါတယ်။


ခရစ္စမတ်ကဒ်လေးတွေ  ဝေငှတဲ့ အလေ့အထက (၁၈၄၂) ခုနှစ်လောက်မှာ ပန်းချီဆရာကြီး  Egley ဆိုသူကနေ ခရစ္စမတ်မွေးဖွားခြင်းသတင်းကောင်း ဖော်ပြတဲ့ အနေနဲ့ ကတ်ပြားလေးတွေပေါ်မှာ မွေးဖွားခြင်းဆိုင်ရာ ရုပ်ပုံတွေရေးဆွဲပြီး  သူ့မိတ်ဆွေ အယောက် (၁၀၀) ဆီ ပေးပို့ရာကစတင်ခဲ့တာ ဖြစ်တယ်လို့ သိရတယ်။


နောက်တစ်ခုက ခရစ္စမတ်နေ့မှာ ထူးခြားတဲ့ သစ်ပင်ကြီးပါ။  ခရစ္စမတ် သစ်ပင်ဆိုတာက ဧဒင်ဥယျာဉ်ကြီးကို ညွှန်းဆိုတာခြင်းဖြစ်ပါတယ် ။ ဒါဟာ ခရစ်ယာန်ဘာသာဝင်တို့အတွက် အဓိပ္ပါယ်အထူးလေးနက်ပါတယ်။  ဒီ ဧဒင်ဥယျာဉ်ဆိုတာ နှယ်နှယ်ရရ မဟုတ် ။ ခရစ်ယာန် ဘာသာ အယူဝါဒ အရလူသားတွေ သန္ဓေစတည်တာလည်း ဒီနေရာမှာ လူသားတွေရဲ့  အချစ် အစပြုတာလည်း ဒီနေရာ ဖြစ်တယ်လို့သိရပါတယ်။

ခရစ်စမတ် သစ်ပင်ကို ရှေးရောမအင်ပါယာက လူမျိုး တမျိုးက သူတို့ ရိုးရာနတ်ပွဲမှာ သုံးခဲ့တဲ့  အမြဲစိမ်း သစ်ပင်က စတင်တာလို့ပြောကြသလို သစ်ပင်ကိုးကွယ်တဲ့  လူမျိုးတမျိုးက အစပြုခဲ့တယ်လို့လည်း ဆိုကြပါတယ်။ ခရစ္စမတ်ထင်းရူးပင်ကြီး ကလည်း မီးရောင် တစ်ထိန်ထိန်နဲ ကြည့်လို့အရမ်းကောင်းပါတယ်။

မျော်လင့်ချက်တွေနဲ့ ပြည့်စုံအောင် လုပ်ပေးတဲ့ အကြောင်းအရာတစ်ခုကလည်းရှိနေပြန်ပါတယ် ။  (AD 280) လောက်တုန်းက တူရကီမှာ  (St. Nicholas) ဆိုတဲ့ ခရစ်ယာန် ဘုန်းတော်ကြီး တပါး ရှိခဲ့ဖူးပါတယ် ။ သူက ခရစ္စမတ်နေ့ မရောက်ခင် ဒီဇင်ဘာ (၂၄) ရက်နေ့တိုင်းမှာ လက်ဆောင်ထုပ်ကြီးသယ်ပြီး ကလေးတွေကို လက်ဆောင်လိုက်ပေးတယ်။ဒီလိုနဲ့ နီကိုလပ်သေသွားတော့ ကလေးတွေက လက်ဆောင်လာပေးဦးမလား ဆိုပြီး အတော်လေး မျှော်နေခြင်းတွေကလည်း အတော်ကိုပျော်စရာကောင်းပါတယ်။ ဒါနဲ့ ကလေးတွေ မိဘများကပဲ ဘုန်းတော်ကြီး နီကိုလပ် ကိုယ်စား  ကလေးတွေမသိအောင် လက်ဆောင်ထုတ် ကလေးတွေ ချ ချထားပေးတယ်လို့ လည်း ယုံကြည်ကြပါတယ်။


သမင် (၈) ကောင်ဆွဲတဲ့ လှည်းပေါ်မှာ လက်ဆောင်ထုပ်ကြီးတင်ပြီး ခြူသံတညံညံနဲ့  ဆန်တာကလော့ကို ကလေးဘဝထဲက ခရစ်စမတ်နေ့ရောက်တိုင်း ရင်းနှီးပြီးသားပါ။ ယခု တွေ့နေမြင်နေကြရတဲ့ စန်တာကလော့ ပုံစံက ပန်းချီဆရာ သောမတ်စ်နတ်စ်ထ် ဆိုသူက ပုံဖော်ရေးဆွဲခဲ့တာလို့ ဆိုကြတယ်။

" သခင်ရေရှူ မွေးဖွားတဲ့နေ့”
Happy Marry Christmas နေ့လေးမှာ ပျော်ပါစေ။


23 Dec 2018     1,728 Views




RELATED

Most Popular of Special or Others

Most Popular of Life Style