BEC-TERO TV

စတိတ်ရှိုးဖျော်ဖြေနေစဉ် ဆူနာမီလှိုင်းဝင်ရောက် (ရုပ်သံ)

24 Dec 2018     1,575 Views


ဒီဇင်ဘာ ၂၂ ရက်နေ့ည က ပြည်တွင်းရောခ့်တေးဂီတ ဆယ်ကျော်သက် လူငယ်အဖွဲ့တစ်ဖွဲ့ ဖျော်ဖြေပွဲကျင်းပနေစဉ် ဆူနာမီ ရုတ်တရက် ရေလှိုင်းဝင်ရောက်ခဲ့တာကြောင့် ပွဲချင်းတစ်ခုလုံး ရေဖုံးလွှမ်းသွားခဲ့တဲ့ ရုပ်သံထွက်ပေါ်ခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် တီးဝိုင်းအဖွဲ့မှ ဘေ့စ်ဂစ်တာတီးခတ်သူ “ဘာနီ” နဲ့ လမ်းခရီးစီစဉ်သူ မန်နေဂျာ Oki Wijaya တို့ သေဆုံးခဲ့ရကြောင်း တီးဝိုင်းအဖွဲ့မှ တရားဝင်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ် အဖွဲ့ဝင် ၄ ဦးလည်း ပျောက်ဆုံးလျှက်ရှိပါတယ်။


လက်ရှိမှာတော့ တီးဝိုင်းအဖွဲ့ဝင်များဟာ လမ်းပန်းဆက်သွယ်ရေးလည်း ပြတ်တောက်နေ့သည့်အတွက် ဒေသခံဆေးခန်းတစ်ခုမှာ ဆေးကုသခံနားခိုနေဆဲဖြစ်ပါတယ်။ တီးဝိုင်းခေါင်းဆောင် “အိုင်ဖန်” က သူ့သူငယ်ချင်းအချို့နဲ့အတူ သူ့ရဲ့ဇနီးသည်ပါ ပျောက်ဆုံးနေသေးကြောင်း အင်စတာဂရမ်ပေါ်ကနေ ဝမ်းနည်းစွာ ရုပ်သံလွှင့်ပြီးပြောကြားခဲ့ပါတယ်။

 
 
 
 
 
 
 
 
 
 
 
 
 
 
 

A post shared by Riefian Fajarsyah (@ifanseventeen) on


ဆူနာမီကြောင့် လက်ရှိစာရင်းအရ လူပေါင်း ၂၂၂ ဦး သေဆုံးခဲ့ရပြီး ၈၀၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။


24 Dec 2018     1,575 Views




RELATED

Most Popular of International News

Most Popular of NEWS