BEC-TERO TV

အဲဗာတန်အသင်းကို ဂိုးဒါဇင်ဝက် သွင်းပြီး အနိုင်ယူလိုက်နိုင်ခဲ့တဲ့ စပါးအသင်း

24 Dec 2018     1,294 Views


မနေ့က စပါး အသင်းရဲ့ နည်းပြကြီး ပိုချက်တီနို ကတော့ အဲဗာတန်ကို အဝေးကွင်းမှာ ဂိုးပြတ် နိုင်ပွဲ ရယူပြီးနောက်ပိုင်း သူတို့ အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နိုင်မယ့် အခွင့်အရေး အားလုံးကို အမိအရ ဆုပ်ကိုင်နိုင်ဖို့ ကြိုးစား သွားမှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။


အာဂျင်တိုင်းသားကြီးဟာ ယူနိုက်တက် သူ့ကို ချဉ်းကပ်နေတဲ့ သတင်းတွေထွက်ပေါ်လာချိန်မှာ အခုလို အရေးပါတဲ့ နိုင်ပွဲ တစ်ပွဲကို တည်တည်ငြိမ်ငြိမ် ရယူသွားခဲ့တာ ဖြစ်ကာ ၊ အဲဒီ သတင်းတွေ အားလုံးဟာလဲ ကောလဟာလ သာ ယူနိုက်တတ်အသင်းနည်းပြ ရာထူးကို စိတ်မဝင်စားသေးကြောင်း ပြောကြားခဲ့ပါတယ်။


အဲဗာတန် နဲ့ ပွဲအပြီးစပါးရဲ့ ဒီရာသီ ချန်ပီယံ ဖြစ်ရေး နဲ့ ပတ်သက်ပြီး ဆွေးနွေး ရာမှာတော့ ပိုချက်တီနို က “ ဘောလုံး ဆိုတာ ခြေစွမ်းတည်ငြိမ် ထိန်းသိမ်းဖို့ အဓိက ပါပဲ ။ ကျနော်တို့ အနေနဲ့ လက်ရှိ ပုံစံအတိုင်း ဆက်ထိန်းထားပြီး ၊ ဧပြီလလောက်အထိ ရှေ့ဆက်နိုင်မယ် ဆိုရင်တော့ ပရီးမီးယားလိဂ် ဖလားကို အမှန်တကယ် စိန်ခေါ်နိုင်တဲ့သူ ဖြစ်လာ နိုင်ပါတယ်။ ဒါပေမယ့် လောလောဆယ်တော့ အရမ်းကို လိုပါသေးတယ်။ “ လို့ပြောကြားခဲ့ပါတယ် ။


မနေ့က နည်းပြ ပိုချက်တီနိ ဦးဆောင်တဲ့ စပါးအသင်းဟာ အဝေးကွင်းမှာ လာရောက်ယှဉ်ပြိုင်ကစားရပေမဲ့လည်း ၂ - ၆ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။


24 Dec 2018     1,294 Views




RELATED

Most Popular of Football

Most Popular of Sport