BEC-TERO TV

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ရုပ်အဆိုးဆုံးကားများ

24 Dec 2018     1,407 Views


  1. Convini C6W

ဒီကားကတော့ ၂၀၀၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Convini C6 W ပဲဖြစ်ပါတယ်။ မြင်းကောင်ရေအား ၄၀၀ ရှိတဲ့အင်ဂျင်ပါရှိပြီး ဘီး ၆ လုံးပါရှိပါတယ်။ အဆိုပါဘီး ၆ ခုပါရှိခြင်းဟာ ကားရဲ့ balace ညီစေဖို့ဖြစ်ပြီး ဘရိတ်အုပ်တဲ့နေရာမှာအထောက်အကူ ပြုဖို့တပ်ထားတာဖြစ်ပါတယ်။ သို့ပေမဲ့ လူတွေရဲ့ မျက်စိထဲမှာ ရုပ်ဆိုးလွန်းလှတာကြောင့်ဝယ်ယူသူနည်းပါးခဲ့တယ်လို့သိရပါတယ်။

  1. Marcos Mantis

Marcos ကို sport cars တွေအများဆုံးထုတ်လုပ်တဲ့ ဗြိတိန် ကားထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုကထုတ်လုပ်ထားတာဖြစ်ပြီး ၁၉၆၈ တုန်းကလဲ ဒါမျိုးတစ်စီးထုတ်ဖူးပါတယ်။ ၂၀၀၈ ခုနှစ်မှာပြန်ထုတ်ခဲ့တဲ့အချိန်မှာလဲ ရုပ်ဆိုးတာကြောင့် စိတ်ဝင်စားသူသိပ်မရှိခဲ့ပါဘူး။

  1. Troll Sportcoupe

Troll ကားကို နော်ဝေနိုင်ငံမှ ထုတ်လုပ်တာဖြစ်ပြီး ကားကိုယ်ထည်ကို ဖန်မျှင်ထည်နဲ့ပြုလုပ်ထားတာဖြစ်လို့ အပေါ့ပါးဆုံးကားလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ထွက်ရှိလာတဲ့ကားဒီဇိုင်းကရုပ်ဆိုးလွန်းတာကြောင့် ဒီကားကလဲ ထင်သလောက် မရောင်းခဲ့ရပါဘူး။

  1. Huyundai Tiburon

Hyundai Triburon ကနာမည်တွေအများကြီးရှိပြီး ဥရောပမှာတော့ Hyundai Coupe လို့ခေါ်ကြပါတယ်။ အမေရိကမှာတော့ Tiburon လို့ခေါ်ပြီး စပိန်လို ‘ငါးမန်း’ လို့ အဓိပ္ပါယ်ရပါတယ်။သူ့နာမည် ငါးမန်းဆိုတဲ့အတိုင်း ရုပ်ဆိုးတဲ့ငါးမန်းနဲ့ တူလှတာမို့ နောက်ထုတ်ရင် ဂြိုလ်သားနဲ့တူတာတောင်ထုတ်လာမလားလို့ ကားချစ်သူ ပရိတ်သတ်တွေက နောက်ပြောင်ခဲ့ကြပါတယ်။

  1. Stutz Blackhwak

Stutz ကတော့ ၁၉၇၂ ခုနှစ်မှာထုတ်ခဲ့တဲ့ ကားတစ်စီးဖြစ်ပြီး ဆယ်စုနှစ် ၄ စု ကျော်တဲ့အခါ ပြန်ရောင်းထုတ်ခဲ့တဲ့အခါမှာတော့ ထိုခေတ်က လူတွေကရုပ်ဆိုးတဲ့ ကားတွေထုတ်လေ့ရှိတယ်လို့ မှတ်ယူခြင်းခံခဲ့ရပါတယ်။ ဒီကားဟာ ၆မီတာ ရှည်လျားပြီး ဈေးကြီးတဲ့ကားတစ်စီးဖြစ်ပါတယ်။ တစ်ချိန်က နာမည်ကြီးခဲ့တဲ့မေရိကန် Rock&Roll အဆိုတော် Elvis: the King ရဲ့ အမြတ်တနိုးတန်ဖိုးထားရတဲ့ကားတစ်စီးဖြစ်ပြီး ၂၀၁၇ ခုနှစ်ဒေါ်လာပေါက်ဈေး နဲ့ ဒီကားကိုပြန်ရောင်းတဲ့အခါမှာ ဒေါ်လာ ၁သိန်း ၂သောင်း ပေါက်ဈေးရှိခဲ့ပါတယ်။

  1. PI Cruiser

ဒီကားကတော့ နောက်ပိုင်းကားဒီဇိုင်နာတွေ ထုတ်လုပ်ခဲ့တဲ့ကားဖြစ်ပြီး မိစ္ဆာနဲ့ တူတဲ့ပုံစံရှိတာမို့ ကြိုက်နှစ်သက်သူတွေမရှိခဲ့ပါဘူး။

  1. Brubaker Box

Brubaker ကရုပ်ဆိုးတဲ့ သေတ္တာကြီးကို ဘီးတပ်ပေးထားတဲ့အတိုင်းပါပဲ။ ဒီလို ပုံစံနဲ့ ကားဆိုရင် နျူးကလီးယားစစ်ပွဲမှာ လက်နက်တွေသယ်တဲ့ကားနဲ့ တူနေတဲ့အတွက် ကဲ့ရဲ့ရှုံ့ချခံခဲ့ရပါတယ်။

  1. Reliant Robin

Reliant Robin ကားမဟုတ်၊ လှေမကျ၊ မော်တော်ဆိုင်ကယ်လဲမဟုတ်တဲ့ပုံစံမို့လို့ ရှုံ့ချမှုကိုအကြီးအကျယ်ခံခဲ့ရပါတယ်။ သူကလဲဖန်ချည်မျှင်နဲ့ပြုလုပ်ထားတာဖြစ်ပြီး ရုပ်ဆိုးတာကြောင့် ကြိုက်နှစ်သက်သူတွေမရှိခဲ့ပါဘူး။

  1. 2010 Veritas RS 3

2010 မှထွက်ရှိခဲ့တဲ့ Veritas RS 3 တော့ရုပ်ဆိုးရုံတင်မကဘူး အိပ်မက်ထဲမှာတွေ့ရတဲ့ မကောင်းဆိုးဝါးကြီးနဲ့တောင်တူတယ်လို့ တင်စားခေါ်ဝေါ်ကြပါတယ်။

 

  1. The Nissan Cube

ဒီကားဟာ ၁၉၉၈ ခုနှစ်ကတည်းက ဂျပန်နိုင်ငံကထုတ်လုပ်ခဲ့တာဖြစ်ပြီး ရုပ်ဆိုးတာကြောင့် ဝယ်ယူပြီးတဲ့ပိုင်ရှင်က ကားလိုလမ်းမမှာပစ်ထားခဲ့တဲ့အထိပါပဲ။

 

  1. Weber Sport Cars aka ‘Faster One’

ဒီကားကိုတော့ ၂၀၀၈ ဆွစ်ဇာလန်နိုင်ငံထုတ်လုပ်ခဲ့တာဖြစ်ပြီး ပြိုင်ကားထဲမှာ အမြန်ဆုံးပြေး နိုင်တဲ့ကားတစ်စီးဖြစ်တာကြောင့် Faster One လို့နာမည်တွင်ခဲ့ပါတယ်။ အင်ဂျင်ပိုင်းဆိုင်ရာကတော့ ရှယ်ပေမယ့် ရုပ်ဆိုးတာကြောင့် စိတ်ဝင်စားသူနည်းပါးလှတဲ့ ကားတစ်စီးဖြစ်ခဲ့ပါတယ်။

  1. Panoz Abruzzi ‘Spirit of Le Mans’

Spirit of Le Mans လို့အမည်တွင်တဲ့ ဒီကားဟာထူးဆန်းတဲ့ ကားတစ်စီးဖြစ်ပါတယ်။ နေ့အချိန် ကားမောင်းနေရင်တောင် နေအလင်းရောင်ကို မြင်တွေ့ရခြင်းမျိုးမရှိတဲ့အတွက် ထူးဆန်းတယ်လို့ဆိုရမှာပါပဲ။ စတာလင်ပေါင် ၃သိန်း ၃သောင်းတန်တဲ့ဒီကားဟာ ဈေးလဲကြီးသလိုရုပ်လဲဆိုးတာကြောင့် စိတ်ဝင်စားသူသိပ်မရှိခဲ့ပါဘူး။

  1. Citroen Ami

Citroen ဖက်ရှင်၊ ဝိုင်၊ ရေမွှေးအစရှိတဲ့ အစရှိတဲ့အရာတွေကိုအရည်အသွေးမီစွာ ထုတ်လုပ်ရောင်းချခဲ့တဲ့ ပြင်သစ်နိုင်ငံက ထုတ်ထားတဲ့ကားပါ။ ပြင်သစ်ဟာ ဖက်ရှင်မှာတော့ထိပ်ဆုံးရောက်ရှိခဲ့ပေမယ့် ကားထုတ်လုပ်တဲ့နေရာမှာချာတယ်လို့ပြောရမှာပါပဲ။

  1. Fiat Multipla
     

ဒီကားကိုတော့ အီတလီနိုင်ငံမှထုတ်လုပ်ခဲ့တာဖြစ်ပြီး ဒီဇိုင်းဆွဲသူက သူများနဲ့မတူတာကိုလုပ်ချင်ခဲ့တာဖြစ်တဲ့အတွက်ဒီလိုကားမျိုးကိုထွင်ခဲ့တယ်လို့ ဆိုပါတယ်။

  1. The Aurora

Aurora ကို ဖန်တီးသူဟာ ၁၉၅၇ ခုနှစ်မှာကြီးမားတဲ့ ကားအက်ဆီးဒန့်ကိုရင်ဆိုင်ခဲ့ ရတဲ့အတွက်ကြောင့် အသက်အန္တရာယ်ကိုကာကွယ်ပေးမဲ့ အလုံခြုံဆုံးကားကို ဖန်တီးခဲ့ပါတယ်။ ဘယ်လိုပင် အသက်အန္တရာယ်ကာကွယ်ပေးသည်ဖြစ်စေ ရုပ်ဆိုးလွန်းတာကြောင့် ကားချစ်သူပရိတ်သတ်တွေရဲ့ လျစ်လျူရှုခြင်းကိုခံခဲ့ရပါတယ်။


24 Dec 2018     1,407 Views




RELATED

Most Popular of Special or Others

Most Popular of Life Style