BEC-TERO TV

ဘီယာသောက်ခြင်းက နိုင်ငံခြားဘာသာစကား ပြောဆိုရာတွင် စွမ်းရည်မြင့်တက်စေ

24 Dec 2018     3,379 Views


ဘီယာသောက်သုံးထားသောအချိန်တွင် လေ့လာသင်ယူထားသော နိုင်ငံခြားဘာသာစကားများ ပြောကြားခြင်း စွမ်းရည်က သာမန်အချိန်ထက် ပိုကောင်းလာကြောင်း သုတေသနသီများ လေ့လာတွေ့ရှိထားကြပြီဖြစ်သည်။
 
ဘီယာအနည်းငယ် သောက်သုံးထားခြင်းဖြင့် နိုင်ငံခြားဘာသာနဲ့ ပြောဆိုဆက်ဆံရာတွင် ပိုမိုချောမွေစွာ စကားပြောနိုင်ခြင်းကို အထောက်ကူဖြစ်စေကြောင်း လေ့လာသူ သုတေသီများက အကြံပြုထားပါတယ်။။

Inge Kersbergen


“သာမန်အချိန်မှာ နိုင်ငံခြားဘာသာစကားတွေကို ပြောတဲ့အခါ ကျွန်မတို့ရဲ့ နာ့ဗ်ကြောတွေက အတော်လေး ဒုက္ခပေးတတ်တယ်။ အဲဒီအခက်ခဲကို အယ်လ်ကိုဟောလ် က လျော့ချပေးနိုင်ပါတယ်” လို့ လီဗာပူးတက္ကသိုလ်က သုတေသီ Inge Kersbergen က ပြောထားပါတယ်။
 
အယ်လ်ကိုဟောလ် အနည်းငယ် သောက်ထားတဲ့အချိန်မှာ ဘာကြောင့်မို့ နိုင်ငံခြားဘာသစကား ပြောတဲ့ စွမ်းရည်တက်လာတာလဲ ဆိုတာကိုပါ သူက ရှင်းပြပါတယ်။
 
Inge Kersbergen ဟာ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ နယ်သာလန်နဲ့ ဂျာမဏီနိုင်ငံ နယ်စပ်အနီးမှာရှိတဲ့ Maastricht တက္ကသိုလ်မှာ ဂျာမန်စကားပြောသူတွေကို အုပ်စု အစု ၅၀ ခွဲပြီး စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူတို့တွေဟာ ဒတ်ချ်ဘာသာစကားကို လေ့လာနေကြသူတွေလည်းဖြစ်ပါတယ်။
 
သုတေသီတွေက အချို့လူတွေကို ဘီယာတိုက်(ခန္ဓာကိုယ်အလေးချိန်ပေါ်မူတည်ပြီး အနည်းအများကွာပါတယ်)၊ အချို့သူတွေကိုတော့ ရိုးရိုးရေပဲ တိုက်ပြီး ဒတ်ချ်ဘာသာ စကားပြောတဲ့သူတွေနဲ့ အင်တာဗျူးအမေးအဖြေပြုလုပ်ပြီး စမ်းသပ်ခဲ့ကြပါတယ်။ အဲဒီနောက် အင်တာဗျူးသူ ဒတ်ချ်ဘာသာကျွမ်းကျင်သူတွေဆီက ဘာသာစကားစွမ်းရည် ရမှတ်တွေကို ပြန်စစ်ဆေးကြတဲ့အခါ ဘီယာသောက်ပြီး အင်တာဗျူးဖြေခဲ့ကြတဲ့ သူတွေက ဘာသာစကားကျွမ်းကျင်မှုမှာ အမှတ်များများရနေတာကိုတွေ့ခဲ့ရပါတယ်။
 
“နိုင်ငံခြားဘာသာစကားပြောဖို့ သင်ဆီမှာ စိုးရိမ်စိတ်တွေရှိနေတဲ့အခါ စကားတစ်ခွန်းပြောထွက်ဖို့ အချိန်အကြာကြီးယူရပါတယ်၊ အယ်လ်ကိုဟောလ် က စိုးရိမ်စိတ်တွေ ကြောက်စိတ်တွေကို ဖယ်ရှားတဲ့နေရာမှာ အထောက်အကူ ဖြစ်စေတာကြောင့် သောက်ထားတဲ့အခါ သွက်သွက်လက်လက်ကြီး စကားတွေပြောနိုင်တာဖြစ်တယ်” လို့ Inge Kersbergen က ရှင်းပြခဲ့ပါတယ်။
 
ဒါပေမယ့်လည်း အနည်းငယ်သောက်သုံးခြင်းကသာ အထောက်အကူဖြစ်စေမှာဖြစ်ပြီး အလွန်အကျွံသောက်သုံးပါက အမူလွန်ပြီး စကားပင်ပီသစွာပြောဆိုနိုင်မှာ မဟုတ်ကြောင်းလည်း သတိပေးထားပါတယ်။
 
(ပိုပိုလေး)

24 Dec 2018     3,379 Views




RELATED

Most Popular of Special or Others

Most Popular of Life Style