BEC-TERO TV

မေဂျာလိဂ် ကလပ် အတ္တလန်နာ ယူနိုက်တတ်အသင်းကို နည်းပြခွင့်ရရှိတော့မည် ဘိုအာ

24 Dec 2018     1,330 Views


အေဂျက်စ် ၊ အင်တာ ၊ ပဲလေ့စ် အသင်းတို့ကို ကိုင်တွယ်ခဲ့တဲ့ နည်းပြ ဖရန့်ဒီ ဘိုအာ ဟာ မေဂျာလိဂ် ကလပ် အတ္တလန်နာ ယူနိုက်တတ်အသင်း နည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ ဘိုအာဟာ အတ္တန်လန်နာ အသင်းကို တစ်နှစ် စာချုပ်နဲ့ နည်းပြခွင့်ရရှိမှာပဲဖြစ်ပါတယ်။


နည်းပြ ဘိုအာ ဟာ အေဂျက်စ် ၊ ဘာစီလိုနာ ၊ ရိန်းဂျား အသင်းတို့တွင် ကစာသမားဘဝ ကျင်လည်ခဲ့ဖူးပြီး နယ်သာလန်အသင်းကို လက်ထောက်နည်းပြ အနေနဲ့လည်း လုပ်ကိုင်ခဲ့ဖူးတာကြောင့် နည်းပြအတွေ့အကြုံလည်း ရင့်ကျပ်သူ သူတစ်ဦးဖြစ်ပါတယ်။ အေဂျက်စ်အသင်းကိုလည်း ၂၀၁၁ မှ၂၀၁၄ အထိ ၄ နှစ် ဆက်တိုက် အမှတ်ပေးဖလား ရရှိအောင် စွမ်းဆောင်ပေးထားနိုင်တဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။


အတ္တလန်နာ ယူနိုက်တတ်အသင်းက ဒီနှစ်အတွင်းမှာ နည်းပြမာတီနို၏ ဦးဆောင်မှုဖြင့် ပေါ့လန် အသင်းကို ၂-၀ ဖြင့်အနိုင်ယူထားနိုင်ခဲ့ပြီး MLS CUP ကိုရယူထားနိုင်ခဲ့ပါတယ်။


24 Dec 2018     1,330 Views




RELATED

Most Popular of Football

Most Popular of Sport