BEC-TERO TV

အိမ်မွေးတိရိစ္ဆာန်အရောင်းဆိုင်များတွင် ခွေး၊ ကြောင်လေးများ ရောင်းချခွင့် ပိတ်မည်

26 Dec 2018     1,585 Views


ခွေးငယ်လေးများ၊ ကြောင်ငယ်လေးများ အိမ်မွေးတိရိစ္ဆာန်အရောင်းဆိုင်များတွင် တင်ရောင်းနေခြင်းကို ဗြိတိန်အစိုးရ တားမြစ်ပိတ်ပင်တော့မည်ဖြစ်သည်။ တိရိစ္ဆာန်ငယ်လေးများကို အသုံးချ၍ စီးပွားရေး အမြတ်ထုတ်ခြင်းနှင့် ညှင်းပမ်းနှိပ်စက်မှုများကို ဖြိုချသည့်အနေနဲ့ အဆိုပါ တားမြစ်ချက်ဥပဒေကို ထုတ်ပြန်ရန် စီစဉ်လိုက်ခြင်းလည်းဖြစ်သည်။

ယခုကဲ့သို့ စီပွားရေးအလို့ငှာ ရောင်းချနေကြခြင်းနဲ့ ပက်သက်ပြီး လူထုစစ်တမ်းများ ကောက်ယူခဲ့ရာ ၉၅ ရာခိုင်နှုန်းသော သူများက အဆိုပါ တားမြစ်ချက်ကို သဘောတူကြသည်။ အစိုးရအနေနဲ့ ယင်းဥပဒေကို ရေးဆွဲနေပြီး လာမည့်နှစ်တွင် ပြဌါန်းနိုင်ရန် ဆောက်ရွက်နေပြီဖြစ်သည်။

“ဒီဥပဒေရဲ့ရည်ရွယ်ချက်ကတော့ အကယ်၍ ၆ လ သားအောက် ခွေးလေး၊ ကြောင်လေးတွေ မွေးချင်တဲ့သူအနေနဲ့ သားဖောက်တဲ့ သူဆီ ဒါမှမဟုတ် တိရိစ္ဆာန်ပြန်လည်နေရာချထားရေး စင်တာတွေနဲ့ တိုက်ရိုက်ချိပ်ဆက်ပြီးမှ စနစ်တကျ ဝယ်ယူရမှာဖြစ်ပါတယ်” လို့  ပတ်ဝန်းကျင်အစားအသောက်နဲ့ စိုက်ပျိုးရေးကိစ္စတွေကို ဆောင်ရွက်တဲ့ ဌါနက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

အခုလို တားမြစ်ဥပဒေထုတ်ပြန်ရတဲ့ အကြောင်းရင်းက “လူစီ” ဆိုတဲ့ ခွေးမလေးပြဿနာကနေ အစပြုခဲ့တာဖြစ်ပါတယ်။ “လူစီ” ကို ၂၀၁၃ ခုနှစ်က ဝေးလ်စ်မှာရှိတဲ့ ခွေးခြံကနေ ကယ်ဆယ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ သေဆုံးသွားခဲ့တဲ့ “လူစီ” ဟာ သူမဘဝရဲ့အချိန်အတော်များများ လှောင်အိမ်ထဲမှာပဲ နေခဲ့ရပြီး မလှုပ်ရှားနိုင်တာကြောင့် သားပေါက်နိုင်ခြင်းလည်းမရှိပါဘူး။

တိရိစ္ဆာန်အရေးလှုပ်ရှားသူ “လီဆာဂါနာ” က သူ့ကို ကယ်တင်ခဲ့ပြီး လူမှုကွန်ယက်ပေါ်ကနေ ဒီအကြောင်းတွေကို ဝေမျှအသိပေးခဲ့ပါတယ်။ ဗြိတိန်အနေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို ရယူမွေးမြူနိုင်တဲ့ ပုံစံပြောင်းလဲဖို့ လိုအပ်နေပြီးဖြစ်ကြောင်း စတင်လှုပ်ရှားခဲ့ပါတယ်။

၂၀၁၈ ခုနှစ် စစ်တမ်းအရ ယူကေနိုင်ငံမှာ အရွယ်ရောက်ပြီးသူ ၄၉ ရာခိုင်နှုန်းက အနည်းဆုံး အိမ်မွေးတိရိစ္ဆာန် တစ်ကောင်ရှိကြောင်း သိရှိရသည်။


26 Dec 2018     1,585 Views




RELATED

Most Popular of International News

Most Popular of NEWS