BEC-TERO TV

နှစ်သစ်ကူးလက်ဆောင်အဖြစ် ထိုင်းနိုင်ငံက ဆေးခြောက်ကို သုံးစွဲခွင့်ပြုလိုက်ပြီ

26 Dec 2018     1,810 Views


မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံဟာ ဆေးခြောက်သုံးစွဲခွင့်ကို တရားဝင်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ အပျော်အပါးအတွက် သုံးတာကိုတော့ ခွင့်မပြုသေးပါဘူး။ ကျန်းမာရေးအတွက် သုံးစွဲခွင့်ပြုတာလို့ဆိုပါတယ်။


ဆေးခြောက်ကို ကျန်းမာရေး အတွက် သုံးခွင့်ပေးဖို့ ထိုင်းလွှတ်တော်မှာ မဲခွဲ အတည်ပြုလိုက်ပါ။ ဒါကို ပြည်သူတွေအတွက် နှစ်သစ်ကူးလက်ဆောင်လို့ အမတ်တယောက်က ကြွေးကြော်ခဲ့ပါတယ်။ ၁၉၇၉ ခု မူးယစ်ဥပဒေကို ပြင်ဖို့ ထိုင်းစစ်အစိုးရက ခန့်ထားတဲ့ လွှတ်တော်က ဒီဇင်ဘာလ ၂၅ နေ့ မနေ့က မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။


"ဒါဟာ ထိုင်း အမျိုးသား လွှတ်တော်ကနေ အစိုးရနဲ့ ပြည်သူတွေကို နှစ်ကူးလက်ဆောင်ဝေတာ " လို့ ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဆုံချိုင်း စဝန်ကန်က ပြောပါတယ်။ အခု ဆိုရင်တာ့ တစ်ကမ္ဘာလုံးဟာ ဆေးခြောက် ဥပဒေကို ပြန်လည်သုံးသပ်နေပြီး ခွင့်ပြုပေးတဲ့ နိုင်ငံတွေရှိသလို့ ခွင့်မပြုသေးတဲ့ နိုင်ငံတွေလည်း အများကြီးပါသေးတယ်။

ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို ရိုးရာတိုင်းရင်းဆေးအဖြစ် သုံးခဲ့ပြီး ၁၉၃ဝ ကျော်မှ ပိတ်ပင်ခဲ့တာပါ။ လူနာတွေမှာ ကျန်းမာရေးအတွက် သုံးစွဲဖို့ သတ်မှတ်ထားတဲ့ ဆေးခြောက်ပမာဏကို သယ်ဆောင်ခွင့် ရမှာ ဖြစ်ပါတယ်။ ဒီအတွက် လိုအပ်တဲ့ ဆေးစာရွက်စာတမ်း အထောက်အထားတွေကို ယူရမယ်လို့လည်း ဘန်ကောက်ပို့စ်က ရေးသားပါတယ်။

ဆေးခြောက်ဟာ လူကြီးတွေမှာ အဖြစ်များတဲ့ နာတာရှည်ရောဂါ၊ ဦးနှောက်နဲ့အာရုံကြောကို ထိခိုက်တဲ့ မာလ်တီပယ် စကယ်လရိုးစစ် ရောဂါ လက္ခဏာတွေကို ကုစားရာမှာ သိသာတဲ့ သာဓကတွေ တွေ့ရပါတယ်။

နောက် ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုတွေ ဖြစ်တဲ့ ဖိုင်ဘရိုမိုင်ရဲဂျီးယား ရောဂါနဲ့ အိပ်ရင်းနဲ့ အသက်ရှူရပ်တဲ့ ရောဂါတွေကို ကုစားရာမှာ အတော်အသင့် တိုးတက်မှု ရတယ်လို့လည်း သိရပါတယ်။ ကလေးတွေမှာ ရှားရှားပါးပါး ဖြစ်တတ်တဲ့ ဝက်ရူးပြန် ရောဂါတမျိုးကို ကုသရာမှာ ဆေးခြောက်က ထုတ်တဲ့ ကာနာဘစ်ဒိုင်ရော ဆေးက အတက်ကို လျှော့ချပေးတယ်လို့ လတ်တလော လေ့လာချက်တွေအရ သိရပါတယ်။


26 Dec 2018     1,810 Views




RELATED

Most Popular of International News

Most Popular of NEWS