BEC-TERO TV

မန်ယူနည်းပြဟောင်း မော်ရင်ဟို ဟာ မိန်းမတစ်ယောက်နဲ့ ဇတ်ရှုတ်တွေရှိနေတဲ့ဆိုတဲ့ သတင်းထွက်ပေါ်

26 Dec 2018     1,629 Views


မန်ယူနည်းပြဟောင်း မော်ရင်ဟို ဟာ မသိတဲ့နောက်ကွယ်ကနေ့ မိန်းမတစ်ယောက်နဲ့ ဇတ်ရှုတ်နေတဲ့အကြောင်းတွေကို အင်္ဂလိပ် သတင်းစားတစ်ခုကဖော်ပြခဲ့ပါတယ်။ မန်ယူနည်းပြဟောင်း မော်ရင်ဟိုဟာ ကွင်းထဲမှာ ဇာတ်ရှုပ်တွေဖန်တီးရုံမသာမက ကွင်းပြင်ပမှာလည်းခြေရှုပ်တတ်သူတစ်ဦးဖြစ်တယ်လို့သိရပါတယ်။


မော်ရင်ဟို ဟာ အသက် ၅၅ နှစ် ၊ ကလေးနှစ်ယောက်နှင့် အိမ်ထောင်သည်ဖြစ်ပြီး အသက် ၄၁ နှစ်အရွယ်ရှိတဲ့ ပရူကာတာရော်ဘင်ဆင် ဆိုတဲ့ အမျိုးသမီးနဲ့ တွယ်ငြိ ခဲ့ကြတာလို့ ဆိုပါတယ်။ သူတို့နှစ်ယောက် ဟာ မော်ရင်ဟို ရီးရဲလ်ကို ကိုင်တွယ်စဉ်ကတည်းက ၈ နှစ်တိုင် ဇာတ်လမ်းတွေဖြစ်ခဲ့ကြတာဖြစ်ပါတယ်။


သူတို့ဟာ ကမ္ဘာပေါ်မှာ နာမည်ကြီးတဲ့ နေရာတွေကိုသွားရောက်ပြီးအတူပျော်ပါးခဲ့ ကြတယ်လို့လည်းဆိုပါတယ်။ ကာတာရော်ဘင်ဆင်ဟာ IBM ၀န်ထမ်းဟောင်းဖြစ်ပြီး လက်ရှိသူနေထိုင်တဲ့ လန်ဒန်မြို့ကနေအိမ်ဟာပေါင် ၁.၂ သန်းတန်ကြေးရှိပါတယ်။


မော်ရင်ဟိုဟာ သူ့ရဲ့ လက်ရှိ မိန်းမ မာလ်တူဒီနဲ့ လက်ထပ်ခဲ့တာ ၂၉ နှစ်ရှိပြီဖြစ်ပါတယ်။ ရော်ဘင်ဆင်ဟာ သူ့ကိုမော်ရင်ဟိုနဲ့ ဇာတ်လမ်းဖြစ်ခဲ့သလားလို့ မေးမြန်းမှုကို ငြင်းပယ်ပြီး “ ရှင်တို့ဘာတွေလာမေးနေတာလဲ “ လို့ ပြန်ပြောသွားခဲ့ပါတယ်။မော်ရင်ဟိုကတော့ ဒီသတင်းအပေါ်စိတ်ပျက်နေပြီး The Sun ကိုတရားစွဲဖို့လုပ်နေတယ်လို့သိရပါတယ်။


26 Dec 2018     1,629 Views




RELATED

Most Popular of Football

Most Popular of Sport