ဒဏ်ရာရ ကစားသမား၏ မွေးနေ့ကို ဆေးရုံအထိ ဂုဏ်ပြုပေးခဲ့တဲ့ ကလပ်အသင်း ဥက္ကဋ္ဌ
26 Dec 2018 1,710 Views

တူရကီ ထိပ်သီး ကလပ် Trabzonspor ဘောလုံးအသင်း၏ ဥက္ကဋ္ဌ ဟာ ခရစ္စမတ်နေ့ မှာ အသင်း၏ ဒဏ်ရာရ ကွင်းလယ် ကစားသမာဖြစ်သူ အိုဂန်ရီ အိုနာဇီ ကို ဆေးရုံအထိ သွားရောက်ပြီး ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။
ခရစ္စမတ် ၂၅ နေ့ဟာ အိုနာဇီ၏ ၂၆ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ အိုနာဇီဟာ Trabzonspor အသင်း၏ ကွင်းလယ် ကြယ်ပွင့်တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ Rizespor အသင်းကို ၄-၁ ဖြင်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပြီး ရာသီကုန်အထိ အနားယူရမယ်လို့ အသင်းက တရားဝင်ထုတ်ပြန်ထားပါတယ်။
Trabzonspor ဘောလုံးအသင်း၏ ဥက္ကဋ္ဌ ဟာ အိုနာဇီ ဆေးကုသမှုခံယူနေတဲ့ နိုက်ဂျီးရီးယား အထိ သွားပြီး ခရစ္စမတ် မွေးနေ့လက်ဆောင် ပေးအပ်ပြီး အားပေးစကားပြောကြားခဲ့ပါတယ်။ Trabzonspor အသင်း၏ ဥက္ကဋ္ဌ တစ်ဦး ဖြစ်သော်လည်း ကစားသမား များကို လစ်လျှူမရှုတဲ့စိတ်ဓါတ်ကို အသင်းဖန်များက သဘောကျ နှစ်ခြိုက်လေးစားနေကြပါတယ်။
ဒဏ်ရာကို နိုက်ဂျီးရီးယား ဆေးရုံတွင် ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပြီး အလျှင်အမြန်သက်သာ လာတယ်လို့ ဆရာဝန်က ဆိုပါတယ်။ အိုနာဇီ ဟာ စီးရီးအေ ထိပ်သီး အသင်း လာဇီယို အသင်းမှာလည်း ကစားဖူးသူတစ်ဦးဖြစ်ပါတယ်။






