BEC-TERO TV

ပေကျင်းတက္ကသိုလ် ဓါတ်ခွဲခန်းပေါက်ကွဲမှုကြောင့် ကျောင်းသား ၃ ဦး သေဆုံး (ရုပ်သံ)

27 Dec 2018     1,292 Views


တရုပ်နိုင်ငံ Beijing Jiaotong တက္ကသိုလ်ရှိ ဓါတ်ခွဲစမ်းသပ်ခန်း ဒီဇင်ဘာလ ၂၆ ရက် (ဗုဒ္ဓဟူး)နေ့က ပေါက်ကွဲခဲ့တာကြောင့် တက္ကသိုလ်ကျောင်းသား ၃ ဦး သေဆုံးခဲ့ကြောင်း မြို့တော်၏ မီးသတ်ဌါနမှ အတည်ပြုပြောကြားခဲ့သည်။


ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က တက္ကသိုလ်ကျောင်း၏ အရှေ့ဘက်ပိုင်းတွင်ရှိသော စမ်းသပ်ခန်းတွင် မြို့ပြစီမံကိန်းနဲ့ သဘာဝပတ်ဝန်းကျင်ဌါနမှ အင်ဂျင်နီယာကျောင်းသားများ မိလ္လာမှတစ်ဆင့် စွမ်းအင်ပြန်လည်ထုတ်လုပ်နိုင်သော စမ်းသပ်မှုပြုလုပ်နေစဉ် ရုတ်တရက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဌါနရဲ့ ထုတ်ပြန်ကြေညာချက်တွင် ဖေါ်ပြထားသည်။


စမ်းသပ်မှုတွင် ပါဝင်ဆောင်ရွက်နေသူ ကျောင်းသား ၃ ဦး သေဆုံးသွားခဲ့ပြီး ပေါက်ကွဲမှုဖြစ်ရသည့် အကြောင်းရင်းကို တာဝန်ရှိသူများ စုံစမ်းစစ်ဆေးသွားမည်ဖြစ်သည်။

အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သော ရုပ်သံတွင် စမ်းသပ်ခန်းအတွင်းမှ မီးခိုးလုံးများ မီးတောက်များ တောက်လောင်နေသည်ကို တွေ့ခဲ့ကြရသည်။ မီးသတ်သမား အင်အား ၃၀ ခန့် မီးငြိမ်းသတ်ခဲ့ရပြီး တစ်နာရီခန့်အကြာတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။



27 Dec 2018     1,292 Views




RELATED

Most Popular of International News

Most Popular of NEWS