BEC-TERO TV

မိတ်ပေါက်ခြင်းရောဂါအကြောင်းသိကောင်းစရာများ

12 Aug 2015     1,956 Views


မိတ်ရောဂါဟာ ကလေးသူငယ်တွေသာမက လူကြီးတွေမှာလဲ အဖြစ်များတက်ပါတယ်။ပူပြင်းခြောက်သွေ့တဲ့ရာသီမှာအဖြစ်များပါတယ်။မိတ်ရောဂါဟာသာမာန်အားဖြင့် သူ့ဘာသာသူပျောက်သွားတက်ပါတယ်။ပိုမိုဆိုးဝါးလာမှသာဆေးကုသရမှာဖြစ်ပါတယ်။အကောင်းဆုံးကုသလို့ရတဲ့နည်းလမ်းတွေက ခန္ဓာကိုယ်ကို အေးအောင်ပြုလုပ်ပေးခြင်း ၊ချွေးထွက်နည်းအောင်ပြုလုပ်ခြင်းတို့ဖြစ်ပါတယ်။
 
အစပိုင်းမှာတော့ ခန္ဓာကိုယ်အရည်ကြည်ဖု ၊အနီစက်လေးတွေ ဖြစ်လာပြီ ကြာလာရင်တော့ အနီစက်လေးကနေ ပြည်ဖု လေးအဖြစ်ပြောင်းသွားတက်ပါတယ်။ပြည်ဖုတွေ ပေါက်သွားရင် ယားယံခြင်း ၊နာကျင်ခြင်းတွေဖြစ်ပေါ်တက်ပါတယ်။ဒီထက်ပိုဆိုးလာရင်တော့ ခက်မာမာအဖုလေးတွေအဖြစ်ပြောင်းသွားတက်ပါတယ်။ပိုမိုဆိုးဝါးလာရင်တော့ ရောဂါပိုးဝင်ခြင်း ၊သွေးပေါင်ချိန်ရုတ်တရက်ကျခြင်း ၊မူးဝေခြင်း ၊ပျို့အန်ခြင်း ၊ခေါင်းကိုက်ခြင်း တို့ဖြစ်ပွားတက်ပါတယ်။အမှန်ကတော့သွေးပေါင်ချိန်ဟာ အလိုလိုပျောက်သွားတက်ပါတယ်။
 
မပျောက်ပဲ ရက်အတန်ကြာသွေးပေါင်ချိန်ကျနေမယ်ဆိုရင် ဆေးဝါးကူသမှုလိုအပ်ပါပြီ။ပိုမို နာကျင်လာခြင်း၊ ရောင်ရမ်းလာခြင်း ၊ ခန္ဓာကိုယ်အနှံ့အနီကွက်တွေဖြစ်ပွားလာခြင်း ၊ပြည်ဖုတွေဖြစ်ပွားခြင်း ၊ချိုင်းကြား၊လည်ပင်း ၊ပေါင်ခြံများ ရောင်ရမ်းလာခြင်း ၊ဖျားနာခြင်းတို့ဖြစ်လာရင်တော့ဆေးဝါးကုသမှုခံယူရမှာဖြစ်ပါတယ်။ဒီရောဂါ ဖြစ်ပွားနိုင်တာတွေက နွေရာသီမှာ လှုပ်လှုပ်ရှားရှားလုပ်ခြင်း ၊အဝတ်အစား ထူထူဝတ်တဲ့သူတွေဖြစ်ပါတယ်။
 
ချွေးထွက်စေမဲ့ဆေးဝါးတွေကလဲ ဒီရောဂါကို ဖြစ်ပေါ်စေနိုင်ပါတယ်။ကိုယ်လိမ်း cream တွေ ၊ အဆီတွေကို ထူထူ လိမ်းခြင်းကလဲ ဒီရောဂါကို ဖြစ်စေနိုင်ပါတယ်။ရောဂါ လက္ခဏာ အဖြစ်ဆုံးကတော့ ကလေးသူငယ်တွေမှာ အဖြစ်အများဆုံးဖြစ်ပါတယ်၊ပူပြင်းခြောက်သွေ့တဲ့နေရာမှာ နေထိုင်တဲ့သူတွေ ၊ပူပြင်းတဲ့အချိန်မှာ လေ့ကျင့်ခန်းပြုလုပ်တဲ့သူတွေ ကလဲ ရောဂါလက္ခဏာဖြစ်ပေါ်စေပါတယ်။
 
ကုသနိုင်မဲ့နည်းလမ်းတွေကတော့ ပူပြင်းခြောက်သွေ့တဲ့အချိ်န်မှာ အဝတ်အစားများကို ပေါ့ပေါ့ပါးပါးဝတ်ခြင်း၊လေဝင်လေထွက်ကောင်းတဲ့အဝတ်များကို ဝတ်ဆင်ခြင်း နဲ့ ချည်ထည်များဝတ်ဆင်ခြင်း ဖြင့်ကာကွယ်နိုင်ပါတယ်။ခန္ဓာကိုယ်ကို တင်းကျပ်စွာဝတ်ဆင်ခြင်းကလဲ ရောဂါကို ပိုမိုဆိုးရွားစေနိုင်ပါတယ် ။အရမ်းပူနေမယ်ဆိုရင် ခန္ဓာကိုယ်ကို အေးစေနိုင်မဲ့ အရိပ်အောက်မှာနေခြင်း ၊လေဝင်လေထွက်ကောင်းမဲ့အဆောက်အအုံထဲမှာနေထိုင်ခြင်း ဟာလဲ ဒီရောဂါကိုသက်သာစေမဲ့နည်းလမ်းတွေဖြစ်ပါတယ်။
 
အပူပြင်းထန်တဲ့အချိန်တွေမှာ ကိုယ့်ကိုကိုယ် အေးအေးလူလူနေသင့်ပါတယ် ။အိပ်ပျော်နေသူများကိုလဲ အေးအောင်ပြုလုပ်ပေးသင့်ပါတယ်။ရောဂါလက္ခဏာပိုမိုဆိုးဝါးလာမယ်ဆိုရင် အရေပြားလိမ်းဆေးတွေလိမ်းပေးဖို့လိုအပ်ပါတယ် ။အဓိကကတော့ ပူပြင်းတဲ့အချိန်မှာ အဝတ်အစားများကိုပေါ့ပေါ့ပါးပါးဝတ်ခြင်း ၊အေးတဲ့နေရာမှာနေခြင်း ဖြင့် ရောဂါဖြစ်ပွားခြင်းကို ကြိုတင်ကာကွယ်နိုင်မှာပါ ။

12 Aug 2015     1,956 Views




RELATED

Most Popular of Health Fix

Most Popular of Life Style