အကြမ်းစားပုံရိပ်တွေ အလန်းစားရိုက်ချက်တွေနဲ့ထွက်ရှိလာတဲ့ နေရွှေသွေးအောင်ရဲ့ Cover song
27 Dec 2018 4,140 Views

နေရွှေသွေးအောင်ကတော့ အထူးတလည်ပြောစရာမလိုအောင် ပရိသတ်တွေအားလုံးသိနှင့်ပြီးသူတစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရည်ခပ်ဖြောင့်ဖြောင့်နဲ့ တည်ကြည်သူတစ်ယောက်ဖြစ်လို့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်နေတာပဲဖြစ်ပါတယ်။ အနုပညာဝါသနာပိုးပါသူဖြစ်ပြီး ဂီတကိုရူးသွပ်တဲ့နေရွှေသွေးအောင်ကတော့ အသံအေးအေးလေးနဲ့ သူအလွန်ကြိုက်နှစ်သက်တဲ့သီချင်းတွေကိုတော့ Cover song အနေနဲ့ပြန်ဆိုလေ့ရှိပါတယ်။

နေရွှေသွေးအောင်ဟာဆိုရင် ကမ္ဘာကျော်အဆိုတော် Enrique Iglesias ရဲ့ Fan တစ်ယောက်ဖြစ်ပြီး Enrique ရဲ့သီချင်းတွေကို အမိုက်စားပုံစံ အလန်းစားဗီဒီယိုဖန်တီးမှုတွေနဲ့ Cover song ပြန်ဆိုထားပါတယ်။ သင်ဇာဝင့်ကျော်ပါဝင်သရုပ်ဆောင်ထားတဲ့ Tonight I’m Loving You ဆိုတဲ့ သီချင်းဗီဒီယိုကလည်း ပရိသတ်တွေကြားရေပန်းစားနာမည်ကြီးခဲ့ပြီး ယခုနောက်တစ်ပုဒ်အနေနဲ့ Enrique ရဲ့ Hero ဆိုတဲ့ သီချင်းလေးကို Cover song အဖြစ်ထပ်ဆိုထားပါသေးတယ်။

ထိုသီချင်းလေးထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်မင်းသမီးချော ရွှေမှုန်ရတီကပါဝင်သရုပ်ဆောင်ထားပြီး နိုင်ငံခြားစတိုင် အလန်းစား အကြမ်းစားရိုက်ချက်တွေပါဝင်လို့နေပါတယ်။ ဒီသီချင်းလေးကလဲ ပရိသတ်တွေပါးစပ်ထဲ ပြောစရာဖြစ်လာဦးမယ့်သီချင်းတစ်ပုဒ်ဖြစ်လို့နေပါတယ်။ ပရိသတ်ကြီးအတွက် နေရွှေသွေးအောင်ရဲ့ အသစ်ထွက်ရှိလာတဲ့ “Hero” cover song ကိုဖော်ပြပေးလိုက်ပါတယ်။





