BEC-TERO TV

ခရီးသည်တင်ဂျက်လေယာဉ် ပြေးလမ်းကျော်ပြီး ပစိဖိတ်သမုဒ္ဒရာထဲသို့ ထိုးကျ (ရုပ်သံ)

28 Dec 2018     2,231 Views


Air Niugini ခရီးသည်တင် လေယာဉ်တစ်စီး ပြီးခဲ့တဲ့ သောကြာနေ့က တောင်ပစိဖိတ်နိုင်ငံတစ်ခုဖြစ်တဲ့ မီခရိုနီးရှားနိုင်ငံ ချောက်လေဆိပ်ကို ဆင်းသက်စဉ် ပြေးလမ်းကျော်သွားကာ ပစိဖိတ်သမုဒ္ဒရာကမ်းစပ်ထဲ့သို့ ထိုးဆင်းခဲ့မှု ဖြစ်ပွားခဲ့သည်။


“လေယာဉ်ဆင်းတဲ့အချိန်မှာ ယူတာနဲနဲများသွားပြီး ကိုက် ၁၅၀ စာလောက် ပြေးလမ်းတိုသွားတဲ့အတွက် အခုလို ထိုးကျသွားတာပါ” ဟု ချောက်လေဆိပ်က အထွေထွေမန်နေဂျာ ဂျင်မီအမီလို က ပြောကြားခဲ့ပါတယ်။

ပစိဖိတ်ထဲကို လေယာဉ်ထိုးဆင်းသွားပေမယ့် လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်နဲ့ အမှူထမ်း စုစုပေါင်း ၄၇ ဦးစလုံး သက်ကယ်လှေများနဲ့ လေယာဉ်ပေါ်ကနေ ရွေ့ပြောင်း ကယ်ဆယ်နိုင်ခဲ့ပါတယ်။


ဘိုးရင်းဂျက် 737-800 လေယာဉ်ဟာ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၃၀ မိနစ်မှာ ဆင်းသက်ခဲ့ပြီး အခုလို ပစိဖိတ်သမုဒ္ဒရာထဲ ပြေးလမ်းကျော်ပြီး ဆင်းသက်ခဲ့တာဖြစ်ပါတယ်။ လေယာဉ်မှာ တစ်ဖြည်းဖြည်း နစ်မြုတ်နေပြီဖြစ်ကြောင်း သိရှိရသည်။

ခရီးသည်နှင့် လေယာဉ်အမှူထမ်းများကို ဆေးရုံသို့ တင်ပို့ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရသူ (၈)ဦး ထဲမှ (၄)ဦးဟာ စိုးရိမ်ရတဲ့အခြေအနေနဲ့ အရိုးများကျိုးကြေဒဏ်ရာများ ရရှိထားတယ်လို့ ဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။


လေကြောင်းလိုင်းမှ တာဝန်ရှိသူတွေကတော့ ဖြစ်စဉ်နဲ့ ပက်သက်ပြီး ဆက်လက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


28 Dec 2018     2,231 Views




RELATED

Most Popular of International News

Most Popular of NEWS