BEC-TERO TV

ရော်နယ်ဒို ရဲ့ စိန်ခေါ်မှုကို တုန့်ပြန်လိုက်တဲ့ လီယွန်နယ် မက်စီ

28 Dec 2018     1,833 Views


ရော်နယ်ဒို နဲ့ မက်စီ ဟာ ဘောလုံးလောက ရဲ့ဘယ်သူကအကောင်းဆုံး ဆိုတာ ဝေခွဲမရအောင် အောင်မြင်မှုတွေ အသီးသီး ရယူထားနိုင်ထားခဲ့ကြဖြစ်ပါတယ်။ ရော်နယ်ဒို ဟာ ဟိုတစ်လော က မက်စီကို သူလိုပဲ ၊ အီတလီ အသင်းတွေမှာ လာကစားဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

ကျွန်တော့် အတွက် ကတော့ ဘဝ ဆိုတာ စိန်ခေါ်မှုပါပဲ။ ကျွန်တော် ဒါကို နှစ်သက် ပါတယ်။ ကျွန်တော် လူတွေကို ပျော်ရွှင် အောင် လုပ်ပေး ချင်ပါတယ်။ ကျွန်တော် သူ့ကို တစ်နေ့မှာ အီတလီ မြေကို လာရောက် ကစားစေချင်ပါတယ်။ ကျွန်တော့်လို ပဲပေါ့။ စိန်ခေါ်မှုကို လက်ခံ ပေးပါ။” လို့ ပြောသွား ပါတယ်။

မက်ဆီ ဟာ အရင်တုန်းကတော့ ရော်နယ်ဒို ရဲ့ စိန်ခေါ်မှု ကို တုန့်ပြန်ရန် ငြင်းဆန် ခဲ့ပေမဲ့လည်း ပြီးခဲ့တဲ့ ရက်ကတော့ ရော်နယ်ဒို ရဲ့ အီတလီ မှာ လာရောက် ကစားရန် စိန်ခေါ်မှုကို လက်ခံသွားမလား ဆိုတာကို တုန့်ပြန် လိုက်ပြီ ဖြစ်ပါတယ်။


မက်ဆီ က ” အီတလီ ကို လာရောက် ကစားရန် စီရော်နယ်ဒို ရဲ့ စိန်ခေါ်မှု ကို လက်ခံ သွားမလား? ကျွန်တော့် အနေနဲ့ ဘယ်လို စိန်ခေါ်မှုမှ မလိုအပ် ပါဘူး။ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး အသင်းမှာ ရှိနေတာပါ။ ကျွန်တော့်ရဲ့ စိန်ခေါ်မှု ကတော့ တစ်နှစ်ပြီး တစ်နှစ် ပိုပို ကောင်းလာဖို့အတွက် ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ပန်းတိုင်းတွေ အတွက် အသင်းတွေ ပြောင်းသွားဖို့ မလိုအပ် သလို လိဂ်ပြောင်းလဲ ဖို့်လည်း မလိုအပ်ပါဘူး။ ကျွန်တော်ဟာ ကိုယ့်အိမ်မှာ ကိုယ် ရှိနေပါတယ်။ ကျွန်တော် အပြောင်းအလဲ လုပ်ဖို့ မလိုအပ် ပါဘူး။” လို့ ပြောသွားပါတယ်။


28 Dec 2018     1,833 Views




RELATED

Most Popular of Football

Most Popular of Sport