BEC-TERO TV

ဥရောပ မှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနေတဲ့ အာရှသား တစ်ယောက်

28 Dec 2018     1,363 Views


တောင်ကိုရီးယား ကစားသမားသမား ဆွန်ဟာင်မင်း ဟာ ပရီးမီးယားလိဂ် ထိပ်သီး အသင်းဖြစ်တဲ့ တော့တင်ဟမ်အသင်း၏ အားထားရတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ဆွန်ဟောင်မင်း ဟာ တစ်နှစ်တစ်နှစ် ခြေစွမ်း သိသိသာသာ တိုးတတ်လာတာတော့ ငြင်းဆန်လို့မရပါဘူး။

ဆွန်ဟာင်မင်းကို ၂၀၁၅မှာ လေဗာကူဆင်အသင်းမှ အာရှကစားသမားတယောက်အတွက် အမြင့်ဆုံးပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ နဲ့ တော့တင်ဟမ်အသင်းကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ တော့တင်ဟမ် အသင်းအတွက် စုစုပေါင်း ၁၁၂ ပွဲကစားခဲ့ရာမှာ ရဂိုး ၃၀၊ ဖန်တီးပေးမှု ၁၅ ကြိမ်နဲ့ အသင်းသွင်းဂိုး ၅၀ မှာတိုက်ရိုက်ပတ်သတ်ပါဝင်ခဲ့ တဲ့အထိ ခြေစွမ်းက အလန်းစား စွမ်ဆောင်ထားနိုင်ခဲ့ပါတယ်။


ဆွန်ဟာင်မင်းဟာ တော့တင်ဟမ်အသင်းနဲ့နောက်ဆုံးကစားခဲ့တဲ့ ၉ ပွဲမှာ ၆ ဂိုးသွင်းပြီး၊ ၃ ကြိမ်ဖန်တီးပေးခဲ့တာမို့ အသင်းသွင်းဂိုး ၉ ဂိုးမှာအဓိကပါဝင်ပတ်သက်ခဲ့တဲ့အထိခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အဲဗာတန်နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာလည်း ကန်သွင်းမှု ၄ ကြိမ်၊ ဂိုးပေါက်တည့်မှု ၃ ကြိမ်၊ ရဂိုး ၂ ဂိုး၊ ဖန်တီးမှု ၁ ကြိမ်နဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်။


လာမည့် ဇန်နဝါရီမှာ အာရှဖလားပြိုင်ပွဲဝင် ဖို့ ရှိတာ အတွက်ကြောင့် နည်းပြပိုချက်တီနိုက စိတ်အားထက်သန်ပြီး အသင်းယုံကြည်မှုကိုအားတက်စေတဲ့ ကစားသမားကောင်း တယောက်ဆုံးရှုံးခြင်းလို့ ခေါင်းစဉ်တပ်ခဲ့ပြီး၊ ပရိသတ်တွေကတော့ South Korea’s Bogeyman တယောက်ဆုံးရှုံး ရတဲ့ ဇန်နဝါရီနေ့ရက်ဆိုးများလို့ ငြီးငြူခဲ့ကြပါတယ်။


ဒီလိုခြေစွမ်းပြသနိုင်မှုကြောင့် ဆွန်ဟာင်မင်းကို The Guardian သတင်းစာကရွေးချယ်တဲ့ ၂၀၁၈ အကောင်းဆုံးကစားသမား အယောက် ၁၀၀ စာရင်းထဲမှာပါဝင်အရွေးခံ ခဲ့ရကာ အဆင့် ၇၈ ရရှိခဲ့ပါတယ်။ အာရှတိုက်၏ နိုင်ငံတကာအကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးထားခဲ့ပါတယ်။ အာရှဖလားကိုလည်း ရရှိနိုင်အောင် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။


အခုမှ အသက် ၂၆ သာရှိသေးတာမို့ နောင် ဒီထက်ကောင်းတဲ့ အလားအလာကောင်းများ ပိုင်ဆိုင်နိုင်ဖို့လည်း အခွင့်အလမ်းကောင်းတွေ အများကြီး ရှိနေတာဖြစ်ပါတယ်။


28 Dec 2018     1,363 Views




RELATED

Most Popular of Football

Most Popular of Sport