BEC-TERO TV

စိတ်ကစဉ်ကလျားရောဂါအကြောင်းသိကောင်းစရာ

12 Aug 2015     1,733 Views


စိတ်ကစဉ်ကလျားရောဂါဟာ ဆင်ခြင်တွေးခေါ်ခြင်း စိတ်ခံစားမှုနဲ့ တုံ့ပြန်မှုတွေမှာသာမာန်လူတွေနဲ့မတူဘဲလွဲမှားနေတဲ့ဦးနှောက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ဒီရောဂါဖြစ်တဲ့သူတွေဟာ ထင်ရောင်ထင်မှားဖြစ်တာတွေ၊ယုံမှတ်မှားတာတွေ ၊အစီအစဉ်မကျတဲ့စဉ်းစားတွေးခေါ်ပုံတွေနဲ့အပြုအမူကို လုပ်ဆောင်တာတွေ စတဲ့လက္ခဏာတွေနဲ့လာတက်ပါတယ် ။ဒီရောဂါဟာ နာတာရှည်ရောဂါ အမျိုးအစားတစ်ခု ဖြစ်တဲ့အတွက်ကြောင့်တစ်ဘဝလုံးပြုစုယုယမှုကို ခံယူဖို့လိုအပ်ပါတယ်။
 
အမျိုးသားတွေမှာဆိုရင် အသက် ၂၀ ကနေ ၂၅ မှာ အဖြစ်များပါတယ်။အမျိုးသမီးတွေမှာဆိုရင် အသက်၂၀ နှောင်းပိုင်းတွေမှာတွေ့ရတက်ပါတယ်။ကလေးသူငယ်အရွယ်တွေနဲ့အသက် ၄၅ နှစ်အထက် လူကြီးအရွယ်တွေမှာတော့ ဒီရောဂါဖြစ်ပွားနှုန်းနည်းပါတယ်။ရောဂါလက္ခဏာတွေကတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ယုံမှတ်မှားတာတွေ၊ ထင်ရောင်ထင်မှားဖြစ်တာတွေ၊ အဆက်အစပ်မရှိ အစီအစဉ်မကျလုပ်ဆောင်တာတွေ ၊တခါတလေ အခြေအနေတစ်ခုကို ကလေးဆန်စွာပြုမူလုပ်ကိုင်တာတွေ ၊လုပ်ငန်းဆောင်တာတွေကို ပုံမှန်အတိုင်းလုပ်ဆောင်ခြင်းမရှိတာတွေ ဖြစ်တက်ပါတယ်။
 
ဆယ်ကျော်သက်အရွယ်တွေမှာတွေ့ရတက်တဲ့ရောဂါလက္ခဏတွေကတော့ လူကြီးအရွယ်မှာတွေ့ရတက်တဲ့ရောဂါလက္ခဏတွေနဲ့အတူတူပဲဖြစ်ပါတယ်။ဆယ်ကျော်သက်အရွယ်တွေမှာတော့ ဒီရောဂါလက္ခဏတွေကို သိရှိဖို့ခက်ခဲပါတယ်။
 
ဒီအရွယ်တွေမှာဖြစ်တက်တဲ့စိတ်ခံစားမှုပြောင်းလဲမှုတွေနဲ့ ဒီရောဂါရဲ့ အစောပိုင်းလက္ခဏတွေနဲ့တိုက်ဆိုင်မှုရှိခြင်းကြောင့် ဖြစ်ပါတယ်။ဒီလက္ခဏတွေကတော့ မိသားစုနဲ့သူငယ်ချင်းတွေကနေ ရှောင်ဖယ်ခြင်း ၊မိမိရဲ့လုပ်ငန်းဆောင်တာများကျဆင်းခြင်း ၊အိပ်ရေးပျက်ခြင်း ၊စိတ်ထိခိုက်လွယ်ခြင်း ၊စိတ်ဓာတ်တက်ကြွမှုမရှိခြင်း တို့ဖြစ်ပါတယ်။
 
လူကြီးတွေနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ ဆယ်ကျော်သက်အရွယ်တွေမှာ ယုံမှတ်မှားတာမျိုးက နည်းပါးပြီးတော့ အမြင်ထင်ရောင်ထင်မှားဖြစ်တာတွေပိုမိုများပြားလှပါတယ်။ ဒီရောဂါ ဝေဒနာရှင်တွေဟာ သူတို့ကို သူတို့ ရောဂါသည်တွေလို့ မသိရှိနိုင်တဲ့အတွက်ဘေးပတ်ဝန်းကျင်က သူငယ်ချင်းတွေမိသားစုတွေက ကရုတစိုက်စောင့်ကြည့်ပေးဖို့လိုအပ်ပါတယ်။ဒီရောဂါဝေဒနာသည်တွေမှာ အဓိက ဖြစ်တက်တာကတော့ မိမိ ကိုယ်ကို သေကြောင်းကြံစည်ဖို့ကြိုးစားတာတွေ ၊သေကြောင်းကြံစည်လိုတဲ့အတွေးအကြံတွေပဲ ဖြစ်ပါတယ်။
 
ဒီရောဂါ ဖြစ်စေတဲ့အကြောင်းရင်းကို သေချာမသိရပေမဲ့ ဒီရောဂါကို ဖြစ်စေနိုင်တဲ့ ဖြစ်နိုင်ခြေတွေတော့ရှိပါတယ်။ ဖြစ်နိုင်ခြေတွေကတော့ မိသားစု မှာ အလားတူ ရောဂါမျိုးဖြစ်ဖူးသူ ရှိတာတွေ ၊ကိုယ်ဝန်ဆောင်စဉ် မိခင်ဝမ်းထဲမှာ ဗိုင်းရပ်စ်ပိုးကူးစပ်ခံရတာတွေ ၊အစာအဟာရချို့တဲ့တာတွေ ကြောင့် ဖြစ်တက်ပါတယ်။ဆယ်ကျော်သက်အရွယ်တွေနဲ့ လူငယ်တွေအရွယ်မှာမိမိကိုယ် ပြောင်းလဲစေတဲ့ဆေးဝါးတွေသုံတာကြောင့် လဲ ဒီလိုရောဂါတွေဖြစ်တက်ပါတယ်။ဒီရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ ဒီရောဂါကို မသိရှိမကုသပဲ ထားမယ်ဆိုရင် ဆိုးရွားတဲ့ကျန်းမာရေးပြသာနာတွေအပြင်၊ပြစ်မှုရေးရာ ၊ငွေကြေးရေးရာ ပြသာနာတွေကြုံတွေ့ရတက်ပါတယ်။
 
နာတာရှည်ရောဂါဖြစ်တဲ့အတွက် တစ်ဘဝလုံးပြုစုယုယမှုကို ခံယူသင့်ပါတယ်။ရောဂါ လက္ခဏာများသက်သာပျောက်ကင်းသွားသည့်တိုင်အောင် ဆက်လက်ပြုစု ကုသမှုကို ခံယူသင့်ပါတယ်။ဒီရောဂါကို ကုသရာမှာ ဆေးဝါးကုသခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာလူမှုပိုင်းဆိုင်ရာကုသခြင်း ဆိုပြီးထိရောက်တဲ့ကုသနည်း၂မျိုးရှိပါတယ်။
 
ရောဂါလက္ခဏပြင်းထန်နေတဲ့အချိန်တွေမှာတော့ ဆေးရုံတင်ပြီးစောင့်ကြည့်ကုသခြင်းမျိုးပြုလုပ်သင့်ပါတယ် ။ဒါ့အပြင်ဝေဒနာရှင်တွေကို လူမှုဘဝမှာကြုံတွေ့ရမဲံ စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းနိုင်အောင် ရောဂါပြန်လည်ဖြစ်ပွားခြင်းမှကာကွယ်နိုင်အောင် ရောဂါပြန်လည်ဖြစ်ပွားခြင်းရဲ့အစောပိုင်းလက္ခဏတွေကို သိရှိအောင် တစ်ဦးချင်းစိပြုစုကုသပေးသင့်ပါတယ်။
 
လူမှုဆက်ဆံရေးတိုးတက်ကောင်းမွန်လာအောင်လဲသင်တန်းများပေးပြီးကုသပေးသင့်ပါတယ်။ရောဂါဝေဒနာရှင်ရဲ့မိသားစုကိုလဲ ဝေဒနာရှင်ကို ပြူစုကုသတက်အောင်ပညာပေးခြင်းမျိုးပြုလုပ်သင့်ပါတယ်။ရောဂါကို ကာကွယ်တဲ့အနေနဲ့တော့ တိတိကျကျကာကွယ်တဲ့နည်းလမ်းမပေါ်သေးပေမဲ့ ဆိုးရွားစွာအဖြစ်လာခင် တိတိ ကျကျ ကုသမှုကို ခံယူခြင်းဖြင့် သက်သာ နိုင်ပါတယ်။

12 Aug 2015     1,733 Views




RELATED

Most Popular of Health Fix

Most Popular of Life Style